ရသ(9)မျိုးနှင့်ရသစာပေ

547 85 25
                                    

5- ကြမ်းကြုတ်( ရုဒ္ဓရသ)

ကြမ်းကြုတ်ခြင်းက ရသတစ်မျိုးပါပဲ ဒါကြောင့်လည်း ခပ်ကြမ်းကြမ်း ကာရိုက်တာတွေကို ဇာတ်လိုက်ထားရေးကြတာပါပဲ

တစ်ခုမှတ်ထားပေးပါ roတတ်မှ နုညံ့မှ cuttieလေးဖြစ်မှ ဇာတ်လိုက်ဖြစ်တာမဟုတ်ပါဘူး ဘဝပေးကြမ်းလို့ ခပ်ကြမ်း၂ဖြစ်နေတဲ့ ကာရိုက်တာတွေ ဖန်တီးပေးကြပါ ဖတ်ချင်လို့ hee

ခပ်ကြမ်းကြမ်းဆိုတိုင်းလည်း ကြမ်းပုံကြမ်းနည်းက တစ်ခုထဲရှိတာမဟုတ်ပါဘူး စရိုက်ကြမ်းတယ်လို့ပြောလို့ရပေမဲ့ (လူဆိုးလို့အမည်တပ်လို့ရပေမဲ့ )ကြမ်းပုံရမ်းပုံက အမျိုးမျိုးရယ်ပါ

တက္ကသိုလ်ကျောင်းသားခပ်ဆိုးဆိုးရဲ့ကြမ်းပုံက အချိန်ပြည့်တုတ်တွေဓားတွေ အဆဲလေးနဲ့ ဒါမှမဟုတ် အမြဲရုံးခန်းရှေ့ ရိုင်းစိုင်းမှုအပြစ်ပေးခံနေရတတ်တဲ့ ဂျစ်တစ်တစ်လေးပေါ့

or လမ်းသရဲကောင်ကတော့ ကားပြိုင်မောင်းမယ် ဆိုင်ကယ်ပြိုင်စီးမယ် လူစုပြီးမိုက်ကြေးခွဲမယ် etc…

ဂိုဏ်းစတားကြီးရဲ့ ကြမ်းရမ်းပုံက လိုအပ်ရင် သေနတ်ကွေးမယ် ဗုံးထောင်မယ် ကွမ်းသီးညှပ်မယ်(လက်အဆစ်တွေဖြတ်တာ)  ဟဲဟဲ ဒါကတော့လန့်ဖို့ကောင်းမယ်
something like that.

ခပ်ကြမ်းကြမ်းကာရိုက်တာကို ခပ်ပျော့ပျော့နုနုညံ့ညံ့လေးတွေနဲ့တွဲပေးမှလိုက်ဖက်မယ်လို့ ပုံသေမှတ်မထားစေချင်ဘူး နှစ်ယောက်သားဖက်ညီအောင်ဆိုးတာတွေ တောဘုရင်ခြင်္သေ့က ကျားသစ်ကို ထိပ်ပုတ်ခေါင်းပုတ်စတာမျိုးတွေ အဲ့လိုအကွက်တွေလည်းမိုက်တာပဲ သူများထက်လည်း နည်းနည်းပိုထူးတာပေါ့

ခပ်ကြမ်းကြမ်းကာရိုက်တာကြီးရဲ့ ကြမ်းကွက်တွေနောက်မှာ နုညံ့တဲ့အခြမ်းဘက်လေး/သနားစရာbackgroundလေးတွေ ထည့်ချင်ရင်လည်း ထည့်သုံးလို့ရတယ် ကြမိးတမ်းခြင်းရသကို (ကြည်နူးခြင်း/ချစ်ခြင်း/သနားခြင်းရသ)တွေနဲ့တွဲပြီး ကစားလို့ရတယ်

ခပ်မိုက်မိုက် လစ်ထွက်နေအောင် ကြမ်းရမ်းတဲ့ဗီလိန်တွေလည်း ရေးတတ်ရင် ပိုပြီးဇာတ်လမ်းက မိလာမှာနော်

ဥပမာ ဟွားချန်တို့ဇာတ်လမ်းထဲက final big boss villanကြီးပေါ့လေ တခြမ်းငိုတခြမ်းရယ်မျက်နှာဖုံးနဲ့ သူအရိပ်ယောင်မြင်လိုက်တာနဲ့စာဖတ်တဲ့သူတွေ ဘုရား ဘုရားတရပြီး ရင်ထဲတလှပ်လှပ်နဲ့ ဟုတ်တယ်ဟုတ် ?

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now