E bookဖြင့် စာဖတ်ခြင်းသည် ကောင်းလား ??

1.1K 222 51
                                    

Zawgyi!!

ကျွန်တော် 8 တန်းကတည်းက စာဖတ်ပါတယ်…

ဘာတွေဖတ်လဲ မေးရင် တွေ့သမျှ အကုန်ဖတ်တယ်…

ဒါကြောင့် မြန်မာစာ ဝေါဟာရတွေ ကျွန်တော်မှာပေါများတယ်ဗျ…

ဝေါဟာရ ကြွယ်ဝတာ စာရေးတဲ့နေရာမှာ အလွန်အသုံးတည့်တယ်…

ကျွန်တော့်အကြောင်းကို ပြောပြနေတာ မဟုတ်ဘူး…

ခင်ဗျားလေးတို့ကို စာဖတ်ဖို့ပြောနေတာ…

စာဖတ်ဖို့ ဆိုတဲ့နေရာမှာ အကောင်းဆုံး စာဖတ်နည်းက စာအုပ်ဖြင့် စာဖတ်ခြင်းပါပဲ…

ဘာလို့လဲ ဆိုတော့ သိပ္ပံတွေ့ရှိချက်အရပြောတယ်

Screen Time များလေလေ အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းလေပဲ…

န်း tablet tv လက်တော့ပ် ဒီလေးထောင့်သေးသေးထဲကိုပဲ အာရုံစိုက်လိုက်တော့ ဘေးကဖြစ်နေတာမမြင်တော့ဘူး မကြားတော့ဘူး ဒီနည်းနဲ့ အာရုံကြောတွေပျက်စီးလာတာဖြစ်တယ်

ပြောင်းပြန်အားဖြင့် စာအုပ်ဖတ်ခြင်းဟာ အာရုံစူးစိုက်မှု တိုးတက်စေတယ်…

ကလေးတစ်ယောက်ဟာ screen time အရမ်းများတယ် သူဟာ ဂိမ်းဆော့တယ် TV ကြည့်တယ် ဖုန်းသုံးတယ် ဒါပဲလုပ်တယ်…

ဘာဖြစ်လာလဲဆိုရင် ဘေးမှာ သူညီလေး ငိုနေရင်လည်း သူမသိဘူး အမေခေါ်လည်းမကြားဘူး သူ့မျက်လုံးထောင့်စွန်းကနေ tvသာဖွင့်လိုက် tv screen lightက သူ့ဦးနှောက်ကို ချက်ချင်းလှုံဆော်တယ် အဲကလေးက ချက်ချင်း TV ကို လှည့်ကြည့်တယ် အရမ်းကြောက်ဖို့ကောင်းပါတယ် မသိမသာဖြစ်နေတာပါ

ဖုန်းအရမ်းသုံးသူတွေ သိလိမ့်မယ် စာကျက်ရင် အာရုံစိုက်မရဘူး ဖုန်းပဲ ပြန်ကိုင်ဖို့ မသိစိတ်က တွန်းအားပေးခံနေရတယ်

တော်ပြီ စိတ်မပါဘူးကွာ ဆိုပြီး စာအုပ်ချ ဖုန်းပဲပွတ်နေလိုက်တယ် ဖုန်းထဲက သတင်းတွေ postတွေက စိတ်ဝင်စားဖို့ ကောင်းလို့ ဒါမျိုးဖြစ်နေတာမဟုတ်ဘူး

screen ရဲ့ ဆွဲဆောင်အား အရမ်းပြင်းတဲ့အတွက် ဦးနှောက်ကိုအလုပ်ပေးစရာသိပ်မလိုဘူး ပေါ့ပေါ့ပါးပါးထားလို့ရတယ် ဒါကြောင့်အာရုံစူးစိုက်နိုင်စွမ်းကျတာဖြစ်ပြီး
တခြားအရာတွေကို အာရုံမစိုက်နိုင်တော့တာဖြစ်တယ်

မြန်မာစာပေအခြေခံမှ ရသစာပေသို့Where stories live. Discover now