ရသ(9)မ်ိဳးႏွင့္ရသစာေပ

580 77 5
                                    

5.စက္ဆုပ္ျခင္း - (ဝိဘစၧရသ)

စက္ဆုပ္ျခင္းကို ပိုနားလည္ေအာင္ ေျပာရရင္ "ရြံစရာေကာင္းတာ" ပဲအဓိပၸာယ္တူလုနီးပါးပဲ

တခ်ိဳ႕ဗီလိန္အေျမွာက္စာေတြရဲ႕စိတ္ဓာတ္က အေသရြံဖို႔ေကာင္းတာ ဖတ္ဖူးတယ္မလား။အဲတာ ဝိဘစၧရသပါပဲ။
အေထြထူးမေျပာေတာ့ပါဘူး။ရြံ႔စရာေကာင္းတဲ႔စိတ္ဓာတ္ေတြ စက္ဆုပ္စရာေကာင္းတဲ႔ျဖစ္ရပ္ေတြကိုထည့္ေရးနိုင္တာေတြက စကိဆုပ္ျခင္းရသကို ေပးတာပါပဲ…

6.ေၾကာက္ရြံ႔ျခင္း- (ဘယာနက ရသ)

ေၾကာက္စရာေကာင္းတာက စက္ဆုပ္တာ/ၾကမ္းၾကဳတ္တာေတြနဲ႔ မတူပါဘူးေနာ္ ဒီရသကို အထူးအားျဖင့္ horrorsေတြမွာ ရွယ္ထည့္သံုးရတာပါပဲ ေၾကာက္ရြံ႔ျခင္းကို သူ႔ခ်ည္းသီးသန္႔သံုးျပီး ေရးလို႔ရပါတယ္ ဒါေပမဲ႔ သူ႔ခ်ည္းသီးသန္႔ႏိုငိဖို႔အခက္ခဲရိွတဲ႔အတြက္ (ၾကမ္းၾကဳတ္/စက္ဆုပ္)တာေတြနဲ႔တြဲေရးျကတယ္။ဘယာနက ရသကို သီးသန္႔ေလးသံုးျပပါ့မယ္။

ဥပမာ-

တိုက္ခန္းအတြင္း၌ ညီေလးစာက်က္ေနသည္။သို႔ေသာ္ အာရံုက မရ။ႏွာရည္ေတြ တေပါက္ေပါက္ယိုက်ေနျပီး စာကဖတ္လို႔မရ။လူကလည္း ပူျခစ္ေနသည္။သို႔ေသာ္ မနက္ျဖန္စာေမးပြဲအတြက္ အားတင္းက်က္ေနရသည္။အခန္းမီးက ဘာျဖစ္တယ္မသိ။မိွန္သြားလိုက္ လင္းလာလိုက္နွင့္ လ်ွပ္စစ္အားနည္းေနသည္ထင္။မ်က္ႏွာသစ္ဖို႔ သန္႔စင္ခန္းထဲ ဝင္လာလိုက္သည္။ေရဖြင့္ျပီး လက္ေဆးစဥ္ မွန္ထဲ အရိပ္ျမင္လိုက္ေသာေျကာင့္ ေမာ့ၾကည့္ေသာအခါ ဘာမွမရိွ။ေခါင္းငံု႔ျပီး လက္ေဆးေသာအခါ အရိပ္က မ်က္လံုးေထာင့္က ျမင္လာရျပန္သည္။ညီေလးစိတ္ထဲ နည္း၂ေျကာက္စိတ္ဝင္လာသည္။မွန္ကို ျဖတ္ခနဲျကည့္လိုက္ျပန္ေတာ့ ဘာမွမရိွ။သန္႔စင္ခန္းထဲမွ အျမန္ထြက္လာလိုက္သည္။ညီေလးထြက္လာမွ မွန္ထဲက အေကာင္လိုလိုအရိပ္မည္းၾကီးက ျပန္ထြက္ေပၚလာျပီး ေရပိုက္ေခါင္းပြင့္ကာ ေဝါခနဲ ေရက်လာသည္။………

slow burn အမ်ိဳးအစားေရးျပတာပါေနာ္

ရသေတြကို wattpadမွာ ဘယ္လိုလက္ေတြ႕အသံုးခ်မယ္ဆိုတာရယ္ အျကံဥာဏ္တခ်ိဳ႕ရယ္ တင္ျပထားလို႕ အားလံုးအတြက္ အသံုးဝင္ျကဖို႔ ေမ်ွာ္လင့္ပါတယ္

AN/ (တိုမွန္းသိတယ္ ေရးျပီးသေလာက္တင္လိုက္တာပါ ခြဲဖက္လည္း ဘာမွမျဖစ္တဲ႔စာမို့လို့ေလ)

Unicode

5.စက်ဆုပ်ခြင်း - (ဝိဘစ္ဆရသ)

စက်ဆုပ်ခြင်းကို ပိုနားလည်အောင် ပြောရရင် "ရွံစရာကောင်းတာ" ပဲအဓိပ္ပာယ်တူလုနီးပါးပဲ

တချို့ဗီလိန်အမြှောက်စာတွေရဲ့စိတ်ဓာတ်က အသေရွံဖို့ကောင်းတာ ဖတ်ဖူးတယ်မလား။အဲတာ ဝိဘစ္ဆရသပါပဲ။
အထွေထူးမပြောတော့ပါဘူး။ရွံ့စရာကောင်းတဲ့စိတ်ဓာတ်တွေ စက်ဆုပ်စရာကောင်းတဲ့ဖြစ်ရပ်တွေကိုထည့်ရေးနိုင်တာတွေက စကိဆုပ်ခြင်းရသကို ပေးတာပါပဲ…

6.ကြောက်ရွံ့ခြင်း- (ဘယာနက ရသ)

ကြောက်စရာကောင်းတာက စက်ဆုပ်တာ/ကြမ်းကြုတ်တာတွေနဲ့ မတူပါဘူးနော် ဒီရသကို အထူးအားဖြင့် horrorsတွေမှာ ရှယ်ထည့်သုံးရတာပါပဲ ကြောက်ရွံ့ခြင်းကို သူ့ချည်းသီးသန့်သုံးပြီး ရေးလို့ရပါတယ် ဒါပေမဲ့ သူ့ချည်းသီးသန့်နိုငိဖို့အခက်ခဲရှိတဲ့အတွက် (ကြမ်းကြုတ်/စက်ဆုပ်)တာတွေနဲ့တွဲရေးကြတယ်။ဘယာနက ရသကို သီးသန့်လေးသုံးပြပါ့မယ်။

ဥပမာ-

တိုက်ခန်းအတွင်း၌ ညီလေးစာကျက်နေသည်။သို့သော် အာရုံက မရ။နှာရည်တွေ တပေါက်ပေါက်ယိုကျနေပြီး စာကဖတ်လို့မရ။လူကလည်း ပူခြစ်နေသည်။သို့သော် မနက်ဖြန်စာမေးပွဲအတွက် အားတင်းကျက်နေရသည်။အခန်းမီးက ဘာဖြစ်တယ်မသိ။မှိန်သွားလိုက် လင်းလာလိုက်နှင့် လျှပ်စစ်အားနည်းနေသည်ထင်။မျက်နှာသစ်ဖို့ သန့်စင်ခန်းထဲ ဝင်လာလိုက်သည်။ရေဖွင့်ပြီး လက်ဆေးစဉ် မှန်ထဲ အရိပ်မြင်လိုက်သောကြောင့် မော့ကြည့်သောအခါ ဘာမှမရှိ။ခေါင်းငုံ့ပြီး လက်ဆေးသောအခါ အရိပ်က မျက်လုံးထောင့်က မြင်လာရပြန်သည်။ညီလေးစိတ်ထဲ နည်း၂ကြောက်စိတ်ဝင်လာသည်။မှန်ကို ဖြတ်ခနဲကြည့်လိုက်ပြန်တော့ ဘာမှမရှိ။သန့်စင်ခန်းထဲမှ အမြန်ထွက်လာလိုက်သည်။ညီလေးထွက်လာမှ မှန်ထဲက အကောင်လိုလိုအရိပ်မည်းကြီးက ပြန်ထွက်ပေါ်လာပြီး ရေပိုက်ခေါင်းပွင့်ကာ ဝေါခနဲ ရေကျလာသည်။………

slow burn အမျိုးအစားရေးပြတာပါနော်

ရသတွေကို wattpadမှာ ဘယ်လိုလက်တွေ့အသုံးချမယ်ဆိုတာရယ် အကြံဉာဏ်တချို့ရယ် တင်ပြထားလို့ အားလုံးအတွက် အသုံးဝင်ကြဖို့ မျှော်လင့်ပါတယ်

AN/ (တိုမှန်းသိတယ် ရေးပြီးသလောက်တင်လိုက်တာပါ ခွဲဖက်လည်း ဘာမှမဖြစ်တဲ့စာမို့လို့လေ)

ျမန္မာစာေပအေျခခံမွ ရသစာေပသို႔Where stories live. Discover now