Chapter 02

3.2K 338 7
                                    

D.

"Truth or Dare?"

ဤသည်ပင်လျှင် အလွန်ကလေးဆန်သော ကစားနည်းတစ်ခုဖြစ်သည်။ကုမ္ပဏီကြီး တခုတွင် အလုပ်ဝင်နေသော သူတို့အဖို့ ဒီကစားပွဲဟာ မည်သို့ပင် ကလေးဆန်သော ကစားနည်းဖြစ်စေကာမူ သူတို့ အတွက်ကတော့ ဒီကစားနည်းကို နှစ်သက်နေတုန်းပဲ ဖြစ်သည်။

ဒါပေမဲ့ အဲ့ဒါက သူတို့ဘဝအတွက် အခက်ခဲဆုံး မေးခွန်းတခု ဖြစ်ခဲ့သည်။"Truth or Dare "ဆော့ရာမှာ အကယ်၍ မင်းက Truth ကို ရွေးလိုက်မည်ဆိုပါစို့။ မင်းဟာ သူတို့တတွေ မေးသမျှကို အမှန်အတိုင်း ဖြေပေးရမည်။ဒါမှမဟုတ် မင်းလိမ်လည်ပြီးလည်း ဖြေဆိုနိုင်သည်။အဖြေက မင်းရဲ့ ပါးစပ်ဖျားမှာ ရှိနေတဲ့အတွက် မင်းကြိုက်ရာ ဖြေဆိုနိုင်သည်။သူတို့တွေဟာ မင်းမဟုတ်တဲ့အတွက် မင်း Truth ကို ရွေးပြီး ဖြေလိုက်တဲ့အဖြေဟာ အမှန်ပဲ လို့ယူဆလိမ့်မည်။ဒါပေမဲ့ မင်းရဲ့ မသိစိတ်က တော့ လိပ်ပြာမလုံသလို ခံစားနေရလိမ့်မည်။အခါအခွင့် တိုက်ဆိုက်ခဲ့လျှင် လည်း မင်းရဲ့ အဲ့ဒီ ယုံကြည်မှုရှိရှိ လိမ်ညာဖြေခဲ့တဲ့ အဖြေ ကြီးက မင်းရဲ့စိတ်ကို မလုံမလဲ ဖြစ်အောင် ဝါးမျိုထားသလို ခံစားရလိမ့်မည်။

မင်း Dare ကို ရွေးခဲ့မယ်ဆိုလျှင် သေချာပေါက် တခုခုကို လုပ်ကိုလုပ်ပေးရလိမ့်မည်။ဘာတခုခုလဲ ဆိုတော့ သူတို့ခိုင်းတဲ့ အရာ ၊ သူတို့လုပ်စေချင်တဲ့ အရာ တခုခုပေါ့။ လူ လဲ ဖြစ်နိုင်တယ် ဒါမှမဟုတ်အရာဝတ္ထု တခုခု လဲ ဖြစ်နိုင်တယ်။အဲ့ဒါမှမဟုတ်လည်း တခြား အရာတခုခု။မင်းကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ မင်းဟာ မင်းကို ခိုင်းတာကို ပြီးမြောက်အောင် လုပ်ဆောင်ပေးရမည်။အဲ့ဒါ Truth or Dare မှာပါတဲ့ လူတိုင်းသိတဲ့ စည်းကမ်းချက်တွေပဲ ။

"ကဲကဲ စလိုက်ကြရအောင် ကျိူးချန်က စမယ်ပြောထားတယ်မလား"

"ရော့ ကျိုးချန် ရေ စ ပြီး လှည့်တော့ "

ယွီပင်းက ရေသန့်ဘူးကို ကျိုးချန် ဆီ ပစ်ပေးရင်း ပြောသည်။TV တွေ drama တွေ ထဲမှာဆို ဆိုဂျူပုလင်းတို့လို ဘီယာပုလင်းမျိုးတွေနဲ့ လှည့်ပြီး ဆော့တာ တွေ့ဖူးကြတယ်မလား။ ဒါပေမဲ့ ငါတို့အဖွဲ့က ဘီဟာဆိုင်ထိုင်နေတာမှမဟုတ်ပဲ။ကော်ဖီဆိုင်လေ ကော်ဖီဆိုင်။အဲ့တော့ ပါလာတဲ့ ရေဘူး နဲ့ပဲ လှည့်ရတော့မှာပေါ့ ။ဘဝက ရုပ်ရှင်မှ မဟုတ်ပဲ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Kde žijí příběhy. Začni objevovat