Chapter 04

2.7K 330 12
                                    

R.

ဝမ်ရိပေါ် ။ ။

ဝမ်ရိပေါ်က Wang ကုမ္ပဏီ ရဲ့ အမွေဆက်ခံသူ တစ်ယောက် ဖြစ်တယ် ။မကြာခင်မှာပဲ သူဟာ ဝမ် ကုမ္ပဏီကြီးတစ်ခုလုံးကို သူ့လက်အောက်မှာ ထားလို့ အုပ်ချူပ်တော့မယ် ။ ရှောင်းကျန့်တို့ကတော့ သူ့ကို မစ္စတာ ရေခဲတုံး လို့ခေါ်ကြတယ် ။ ဘာလို့ဆို အဲ့ဒီလူရဲ့ မျက်နှာက အမြဲတမ်း ရုပ်တည်ကြီးနဲ့ ဖြစ်နေတတ်ပြီး အရယ်အပြုံးဆိုတာကလည်း မရှိသလောက်ရှားလွန်းလို့ ။ အကြည့်တွေဆိုတာလည်း ပြောမနေပါနဲ့တော့ ဓားတစ်ချောင်းထက်တောင် ပိုပြီး စူးရှ ပြတ်သားသေးသည်။

အဲ့ဒီ မစ္စတာ ရေခဲတုံးနဲ့ ဖျက်ခနဲ အကြည့်ချင်းဆုံမိလိုက်ရင် လူက သေးပဲပေါက်ချင်တာလိုလို ဗိုက်ပဲဆာတာလိုလို ယားတာလိုလိုနဲ့ ရင်တုန်ပန်းတုန် ကယောက်ဂယက်တွေကို ဖြစ်လို့။ အဲ့ဒီမျက်လုံးတွေကသာ ကိုယ့်ကို ရည်ရွယ်ပြီး ကြည့်လာကြည့်ပါ့လား ။တစ်ကိုယ်လုံး အေးစက်တောင့်တင်းသွားပြီး ​ဘာမှ မလှုပ်ရှား မရွေ့နိုင်တော့တဲ့ ကျောက်ရုပ်တစ်ရုပ်လိုမျိုး ဖြစ်သွားစေနိုင်သည် ။ ပြီးတော့ အဲ့ဒီရေခဲတုံးက လူကိုအကြည့်တချက်နဲ့တင် လည်း ခန္ဓာကိုယ်က သွေးတွေ တောင့်တင်ပြီး သေသွားအောင် ပြုစားနိုင်စွမ်းရှိသည် ။

အဲ့ဒီလိုမျိုး ဝမ်ရိပေါ်ဆိုတဲ့ လူက မင်း အလွယ်တကူ ချဥ်းကပ်လို့ ရနိုင်တဲ့သူ မဟုတ်ဘူး ။

ပြီးတော့ အခုdareက ရှောင်းကျန့်အတွက် ခက်တယ် ။ သူ အသက်ကလေးတော့ ရှင်ချင်သေးတယ်လေ ။ အဲ့ဒီ ခပ်ချောချော ဗလတောင့်တောင့် ရေခဲရိုက် မျက်နှာနဲ့ လူဆီမှာ သူ စိစိညက်ညက် အထောင်းမခံချင်ဘူး ။

"ငါ မလုပ်နိုင်ဘူး ကျိလီ ။ အဲ့ဒါက အရမ်းခက်တယ် ။ ပြီးတော့ သူက သူက မကြာခင် ငါတို့ရဲ့ CEO ဖြစ်လာတော့မယ့်သူလေ ဟုတ်တယ်မလား ? အာ့ဆို ဘာကြောင့်သူလဲ ? သူဖြစ်မှ ရမှာလား ? အဲ့ဒီရေခဲတုံးက ငါတို့ကို အလုပ်ထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ ? "

ရှောင်းကျန့် ကျိလီရဲ့ စိတ်ကိုပြောင်းဖို့ တတ်နိုင်သမျှ ကြိုးစားပြီး ပြောနေသည် ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now