Chapter 05

2.7K 322 26
                                    

E.


ရှောင်းကျန့်ရဲ့ အဖြေစကားကို ကြားပြီးတဲ့နောက် သူတို့အားလုံးစိတ်ထဲမှာ သူတို့ငွေတွေကို ရှောင်းကျန့်အတွက် သုံးပစ်ဖို့ စဥ်းစားနေကြပြီ ။ ဒါအောင်မြင်သွားရင် ပါတီပွဲ တစ်ပွဲ  ပေးဖို့ပါ စဥ်းစားထားပြီးသား ။

သူ့သူငယ်ချင်းလုပ်ဖော်ကိုင်ဖက်တွေ စိတ်ထဲ ဘယ်လိုတွေ တွေးနေလဲ သူမသိပေမဲ့ သူ့စိတ်ထဲမှာတော့ မကြာခင် ပျောက်ကွယ်သွားတော့မယ့် သူ့ရဲ့ဂုဏ်သိက္ခာလေးကို စွန့်လွှတ်ဖို့ တဖြည်းဖြည်းချင်း ကြိုးစားနေရသည် ။ အဲ့ဒီကောင်က သူ့လက်ထဲ မနေချင်ဘူးနဲ့တူပါတယ် ။အရမ်းကို သူ့လက်က လွတ်ထွက်ချင်နေတယ် ။ဘယ်ကောင်လဲ မမေးနဲ့ ဂုဏ်သိက္ခာဆိုတဲ့အကောင် !

သူ ကျိလီကို အခက်ခဲဆုံး Dare တစ်ခု ခိုင်းဖို့ ပြောခဲ့တာကို နောင်တရမိတယ် ။သူ့သူငယ်ချင်းတွေကို ဒီဂိမ်းဆော့ဖို့ အကြံပေးခဲ့တာကိုလည်း နောင်တရတယ် ။မကြာသေးမီအချိန်တုန်းက သူ ဘာ့ကြောင့် ဒီဂိမ်းကစားရတာကို နှစ်သက်ခဲ့တာလဲ ဆိုပြီးတော့လည်း နောင်တရတယ် ။ ကျိလီကို ပြောင်ချော်ချော်နဲ့ စိန်ခေါ်ခဲ့တာကိုလည်း နောင်တရတယ် ။ သူ အကုန်လုံး အကုန်လုံးကို နောင်တရတယ်!!!!!!

ရှောင်းကျန့် !ရှောင်းကျန့်! မင်းအခုမှ အိုဗာတွေလုပ်မနေနဲ့ !ရပ်လိုက်တော့ !

သူ အသက်ပြင်းပြင်း ရှူလိုက်ပြီးတော့ သူ့ရဲ့စိတ်တွေ တည်ငြိမ်သွားအောင် ကြိုးစားလိုက်တယ် ။ ပြီးတော့ ' သူလုပ်နိုင်တယ် ' ဆိုတဲ့ ယုံကြည်ချက်ကိုလည်း သူ့ကိုယ်သူ တည်ဆောက်နိုင်အောင် ကြိုးစားတယ် ။ နောက် သူ ထိုင်နေရာကနေ ထလိုက်ပြီးတော့
အသက်ကို ရှုထုတ်ရှုသွင်း ပြင်းပြင်းလေး နှစ်ခါလောက် လုပ်လိုက်တယ် ။လက်ကပါ တစ်ခါတည်း အပေါ်​ပင့်လိုက် အောက်နှိမ့်လိုက်နဲ့ ။

ပြီးပြီဆိုမှ သူရဲ့ ညာဘက်ခြေထောက်ကို ကြွလို့ ဝမ်ရိပေါ် ရှိနေတဲ့ နေရာကို ကြည့်လို့ ခြေလှမ်း စ လှမ်းလိုက်တယ် ။လျှောက်လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း က သေခြင်းတရားဆီ ကိုယ်တိုင်ကိုယ်ကျ သွားနေရသလို ခံစားနေရသည်။ သူ မျက်ရည်ဘူးသီးလုံးကျပြီး ငိုချင်နေပါသော်လည်း သူ့ရဲ့ မျက်ရည်တွေ က ဒီတစ်ခါတော့ သူနဲ့မပူပေါင်းပေးကြဘူး ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now