Chapter 07

3K 315 27
                                    

O.

"ကျွန်တော် ခင်ဗျားရဲ့ ရှင်းပြချက်ကို မလိုဘူး မစ္စတာ ရှောင်း ။ ဒါပေမဲ့.....ကျွန်တော့်ကို လုပ်ခဲ့တာတွေအတွက်တော့ ခင်ဗျားကိုယ်တိုင် ပြန်ပေးဆပ်ဖို့ လိုလိမ့်မယ် "

ရှောင်းကျန့်မျက်နှာက ရုတ်တရပ် သွေးရောင်မရှိတော့သလိုမျိုး ဖြူစုတ်သွားတယ် ။

"ဒါ..ဒါပေမဲ့ မစ္စတာဝမ် ရယ်။ကျွန်တော် အများကြီး အများကြီး တောင်းပန်ပါတယ် ။ကျွန်တော် တကယ် အဲ့လို မလုပ်ချင်ပါဘူး ။ဒါပေမဲ့ ကျွန်တော့် သူငယ်ချင်းတွေက ကျွန်တော့်ကို နောက်ကနေ တွန်းအားပေးနေကြလို့သာ လုပ်ခဲ့ရတာပါ ။ ကျွန်တော် တကယ် တောင်းပန်ပါတယ် မစ္စတာဝမ် "

ရှောင်းကျန့် အတတ်နိုင်ဆုံး အမှန်တိုင်း ရှင်းပြနေပေမဲ့ ဝမ်ရိပေါ်ကြီးက သူ့ကို အကြည့်စူးစူးတွေနဲ့ ပစ်လွှတ်နေတုန်းပဲ ။

"ဟို မစ္စတာဝမ် ကျွန်တော့်ကို အလုပ်ထုတ်ချင်တယ်ဆိုလည်း ထုတ်လို့ရပါတယ်။ ကျွန်တော် လက်ခံပါ့မယ် "

ရှောင်းကျန့် က ဝမ်ရိပေါ်ရဲ့ သူ့ခါးကို တင်းတင်းဖြစ်ညှစ်ထားတာ ကနေ လွတ်မြောက်ဖို့ နောက်တစ်ကြိမ် ကြိုးစားရင်း ပြောလိုက်တယ် ။

"ကျွန်တော် ခင်ဗျားကို အလုပ်မထုတ်နိုင်ဘူး မစ္စတာရှောင်း ။ ဘာလို့ဆို ကျွန်တော် က ခုထိ CEO မှ မဟုတ်သေးပဲ "

ဝမ်ရိပေါ်က ဂျစ်တစ်တစ် အပြုံးကိုပြုံးရင်း ပြောလာတယ် ။

" ဒါပေမဲ့ မစ္စတာဝမ် ။ကျွန်တော့်မှာ ခင်ဗျားကို ဆပ်ဖို့ ပိုက်ဆံ အများကြီး မရှိဘူး နော်။ကျွန်တော်က လခစားရယ် ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို သွားခွင့်ပေးပါ ။ ကျွန်တော့်ကို လွှတ်ပေးရင် ကျွန်တော် ခင်ဗျားရဲ့ ကုမ္ပဏီ ကို သွားပြီး ထွက်စာတင် လက်မှတ်ထိုးပေးပါ့မယ် "

ရှောင်းကျန့် အခု ရင်တုန်တာလား ဖင်တုန်တာလား ကို ခွဲခြားပြီး မသိတော့ဘူး ။ အထူး သဖြင့် မကြာခင်မှာ သူတို့ရဲ့ CEO ဖြစ်လာတော့မဲ့ ဝမ်ရိပေါ် ။ အဲ့ ဒီ ဝမ်ရိပေါ်က သူထွက်ပြေးလို့ မရအောင် သူ့ရဲ့ ခါးကို လက်ကြီးကြီးတွေနဲ့ ခပ်တင်းတင်း ဖိပြီး ဆုပ်ကိုင်ထားတယ် ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Where stories live. Discover now