Epilogue

3.2K 277 9
                                    

U.

// I. D. A. R. E. Y.O.U. //

"ပေါင်ပေါင်း (baby) !!!ဒီကို လာခဲ့တော့လေ.....ဘာလုပ်နေတာလဲ ။ စောအော်လေးက အိပ်ပျော်သွားပြီမဟုတ်လား "

သူတို့နှစ်ယောက်ရဲ့ အခန်းထဲကနေ ပဲ့တင်သံ တစ်သံ ထွက်လာတယ် ။

"ပေါင်ပေါင်း ! ပေါင်းပေ့လေးရေ! ပေါင်ပေါင်းရေလို့ ..............."

နောက်ထပ်တစ်ခါ ညည်းညူသံလို ၊ကလေးဆိုးလေး တစ်ယောက် မိဘကို ဂျစ်တိုက်နေတဲ့အသံလို အသံတစ်မျိုး ထပ်ထွက်လာပြန်တယ် ။ဘယ်သူလို့ထင်လဲ ။သေချာပေါက် ဂျစ်တူး ဝမ်ရိပေါ် ပဲပေါ့ ...

သူတို့အိမ်မှာ ရှိတာမှ လူသုံးယောက် ။ သားသားလေးကလည်း အိပ်နေပြီ။ သူ့ဆီကလည်း အသံလေးတစ်သံတောင်မှ မထွက်ဘူး ။ ဒါဆို ဘယ်သူဖြစ်နိုင်မလဲ အရွတ်တုံး ဝမ်ရိပေါ်ပဲပေါ့ ။

"ကိုယ် ပင်ပန်းနေပြီ ရိပေါ် "

ရှောင်းကျန့် သူတို့နှစ်ယောက်ရဲ့ အိပ်ခန်းထဲ ဝင်လာပြီး တစ်ခါတည်း King size မွေ့ယာ ကြီးပေါ် ဝင်လှဲရင်း ဖြေလိုက်တယ် ။

" ကျန့် ကော ......."

ပထမ တစ်ခါ စကားပြန်,မလာဘူး ။

" ပေါင်ပေါင်း ....."

ဒုတိယ တစ်ခွန်းလည်း စကား မပြန်သေးဘူး ။

"ကျန့်ကျန့်ရား..... "

အခုချိန်ထိ ကျောပေးထားတဲ့ ရှောင်းကျန့်က သူ့ဘက်ကို လှည့်လည်းမလာသလို ခွန်းတုန့်လည်း မပြန်သေးဘူး ။ဒါကဘာသဘောလဲ ။ အိပ်ယာမဝင်ခင် ပြုလုပ်နေကြ အရာတစ်ခုကို မေ့များနေတာလား ။ မသိချင်ထောင်ပဲ လာထောင်နေတာလား ။ထောင်ခြင်းထောင် ခြင်ထောင် ပဲ ထောင်ခွင့်ပြုမယ်၊ ဟင်း ဟင်း သူ က ဘယ်သူလဲ...ဝမ်ရိပေါ်ပါ သူ့က်ို လာကြောလို့ရရောလား ။

"ရှောင်းကျန့် ! "

နာမည် အပြည့်အစုံခေါ်မှ သူ့ရဲ့ ချစ်သည်းညှာလေးက မျက်လုံးလေးတွေ မှေးစင်းရင်း လှည့်ကြည့်လာသည် ။ သဘောက သူ အရမ်းကို အိပ်ချင်နေပြီမို့ အိပ်ခွင့်ပေးပါလို့ ပြောနေတဲ့ အတိုင်း ။

𝚃𝚑𝚎 𝙷𝚊𝚛𝚍𝚎𝚜𝚝 𝙳𝚊𝚛𝚎  [ 𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 ]Onde as histórias ganham vida. Descobre agora