CHAPTER 58 - He will be the target of every love song of mine

8.6K 1.8K 155
                                    

Unicode

စုန့်ရီဘာပြောရမလဲမသိဖြစ်နေတယ်။ သူ့ကလေးအတွက် စိတ်အားထက်ထက်သန်သန်ရှိနေတဲ့ရှန်းစစ်ရဲယ်ကိုစိတ်ပျက်အားလျော့သွားအောင်လဲမလုပ်ချင်ဘူ။ ဒါပေမဲ့ဒီကိစ္စကိုကုရှင်ချွမ်းကိုမပြောပြရင်လဲသူစိတ်ပျက်ရလိမ့်မယ်။

မိသားစုဆရာဝန်ကစုန့်ရီရဲ့ခန္တာကိုယ်ကိုစေ့စေ့ပေါက်ပေါက်စစ်ဆေးပေးတယ်။ စုန့်ရီကိုယ်ဝန်မရခင်က အမြဲတမ်းလေ့ကျင့်ခန်းလုပ်လေ့ရှိတယ်။ နောက်တော့ alpha တစ်ယောက်လဲဖြစ်ခဲ့တာမို့ သူ့ရဲ့ကျန်းမာသန်စွမ်းမှုက သာမန် omega တွေထက်ပိုမြင့်တယ်။ သူ့မှာကယ်လ်စီယမ်ဓာတ်ဖြည့်စွက်ဖို့လိုအပ်တာကလွဲလို့ တခြားကြီးကြီးမားမားပြဿာနာတွေမရှိဘူး။

ညရောက်တော့ စုန့်ရီသူနဲ့မရင်းနှီးသေးတဲ့အိပ်ယာပေါ်မှာ ဟိုလှိမ့်ဒီလှိိမ့်နဲ့အိပ်မရဖြစ်နေတယ်။ လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာတွေ့ကြုံခဲ့ရတာတွေက အိပ်မက်လိုပဲ။ သူအခုအိပ်မက်လားတကယ်လားဆိုပီးဖြစ်နေရတယ်။

သူ့ဆီမှာထူးခြားတဲ့ဆွေမျိုးတွေရလာပီး ဘဝအသစ်တစ်ခုဖြစ်လာတယ်။ ပီးတော့ဗိုက်ထဲမှာလဲကလေးလေးတစ်ယောက်ရှိလာတယ်။ ဒါတွေအားလုံးကသူ့အတွက် တကယ်ဟုတ်မှဟုတ်ရဲ့လားဆိုတဲ့ရှုပ်ထွေးတဲ့ခံစားချက်မျိုးပေးစွမ်းတယ်။

သူအရင်တုန်းကကြုံဖူးတဲ့ပြဿနာတွေကို အတွေ့အကြုံနဲ့ကျိုးကြောင်းဆင်ခြင်နိုင်မှုတွေနဲ့ဖြေရှင်းနိုင်တယ်။ ဒီတစ်ခါမှာကျခြားနားတယ်။ သူ့မှာကိုးကားစရာအတွေ့အကြုံလဲမရှိဘူး။ သူ့ရဲ့ဘဝအသစ်ကိုလက်ခံဖို့နည်းလမ်းကိုရှာဖွေဖို့ ကိုယ်ပိုင်စူးစမ်းစစ်ဆေးမှုတွေအပေါ်ပဲမှီခိုရတော့မယ်။

စုန့်ရီသက်ပြင်းချလိုက်ပီး အိပ်ယာပေါ်မှာထထိုင်လိုက်တယ်။ ပြတင်းပေါက်အပြင်ဘက်မှာလမင်းကြီးကဝိုင်းစက်နေပီး ကြယ်လေးတွေကလဲတလက်လက်တောက်ပနေကာ ကောင်းကင်ကလင်းထိန်နေတယ်။ ပုံမှန်ဆို ညဖက်အချိန်မှာမြို့ရဲ့ကောင်းကင်ကဒီလောက်ကြယ်တွေမစုံဘူး။

သူမျက်လုံးလေးကိုဖွဖွလေးမှေးပီး ကြယ်တွေကိုရသမြောက်တဲ့ခံစားချက်နဲ့ငေးကြည့်နေလိုက်တယ်။ ရုတ်တရပ်ထမြည်လာတဲ့ဖုန်း ringtone သံကညအချိန်မှာအတော်လေးစူးရှတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now