CHAPTER 59 - Rational and Irrational

8.5K 1.7K 249
                                    

Unicode

Host ရောကျန်တဲ့လူတွေရောပါ အံ့အားသင့်သွားကြတယ်။ ပရိသတ်တွေကမျက်လုံးလေးတွေပြူးပီး တစ်ယောက်နဲ့တစ်ယောက်ကြည့်ကာ ပွဲကျင်းပတဲ့နေရာကြီးတစ်ခုလုံး တိတ်ဆိတ်သွားတယ်။

Hua X ​ဆုပေးပွဲစတင်ခဲ့တဲ့ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်အတောအတွင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ နှစ်မိနစ်လောက်တိတ်ဆိတ်သွားတာဖြစ်တယ်။

စုန့်ရီရဲ့အသက်ရှူသံတွေရပ်တန့်သွားပီး စင်ပေါ်ကိုတည့်တည့်စိုက်ကြည့်နေတယ်။

Chief director ကHost ကိုမျက်လုံးမှိတ်ပြတယ်။ Hua X ဆုပေးပွဲကိုနှစ်စစ်နှစ်တိုင်းတိုက်ရိုက်ထုတ်လွှင့်လေ့ရှိပေမဲ့ အနုပညာရှင်တွေရဲ့ fan တွေကလွဲလို့လူအနည်းငယ်ကပဲ ဒီဆုပေးတဲ့အခမ်းအနားကိုအချိန်အများကြီးပေးပီး စိတ်ရှည်ရှည်ကြည့်ကြတာဖြစ်တယ်။

Hua X ဆုပေးပွဲကိုကြော်ငြာဖို့အတွက် ဒီအချိန်ကကောင်းမွန်တဲ့အခွင့်အရေးဖြစ်တယ်။

Host ကအဲ့တာကိုနားလည်သွားပီး ဖွဖွလေးပြုံးတယ် "အဲ့ဒီတစ်ယောက်ဒီအသိုင်းအဝိုင်းထဲကပဲလားရှင့်"

ကုရှင်ချွမ်းခေါင်းညိမ့်ပြလိုက်ပီး နောက်ထပ်ဗုံးတစ်လုံးကိုတည်တည်ငြိမ်ငြိမ်ပဲထပ်ပစ်လိုက်ပါတယ် "သူလဲဒီနေ့ပွဲမှာရှိတယ်"

" ... "

စုန့်ရီမျက်မှောင်ကြုံ့လိုက်ပီး နဖူးကိုလက်နဲ့ကိုင်သလိုပြုပီး ဘေးနားပတ်ပတ်လည်ကိုလှည့်ကြည့်လိုက်တယ်။ လူတိုင်းကကုရှင်ချွမ်းဆီမှာပဲအာရုံစိုက်နေကြပီး သူ့ရဲ့ထူးဆန်းတဲ့အမူအရာကိုဘယ်သူမှသတိမပြုမိကြဘူး။

"သူကဘယ်လိုလူမျိုးလဲဆိုတာ ပေးသိလို့ရမလား?" Host က​ပရော်ဖက်ရှင်နယ်ကျစွာနဲ့ပဲပြန်တည်ငြိမ်သွားပီး လူအုပ်ထဲကိုအပြုံးတစ်ခုနဲ့ကြည့်နေတယ်။

ကုရှင်ချွမ်းကအလေးအနက်ထားတဲ့ပုံစံနဲ့နှုတ်ခမ်းပါးပါးကိုတင်းခနဲစိလိုက်တယ် "သူကအရမ်းစဥ်းစားတတ်တဲ့လူမျိုး တခြားသူတွေကိုလဲဘယ်တော့မှဒုက္ခမပေးဘူး သူကအရမ်းတွေးပေးတတ်လို့ ဒီနေ့ကျွန်တော်သူ့ကိုပြောချင်တာက..."

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now