CHAPTER 60 - Introduce me, my man

8.9K 1.7K 244
                                    

Unicode

စုန့်ရီမျက်နှာကနီရဲနေပီး keyboard ပေါ်မှာခေါင်းဝှက်ထားတယ်။ နောက်တော့ သူ့ရဲ့တုံးအမှုအတွက်နဖူးနဲ့ဆောင့်နေလိုက်တယ်။ ကိုယ့်ဘာသာကိုယ်vote ပေးရတယ်လို့ ဘယ်လောက်တောင် တုံးအတဲ့ပုံပေါက်နေရတာလဲ။

သူ့ဘာသာသူတစ်မိနစ်နှစ်မိနစ်လောက်မကျေမနပ်ပြောပီးသွားတဲ့အခါမှာ အသက်ပြင်းပြင်းတစ်ချက်ရှူပီး ကိုယ့်ဘာသာကိုယ်အပေးဖို့ ထလိုက်တယ်။ သူမျက်နှာသစ်ပစ်လိုက်တော့ ရေအေးအေးကြောင့် မျက်နှာနီနေတာကနည်းနည်းလျော့သွားတယ်။

စုန့်ရီဖုန်းကိုထုတ်လိုက်ပီး သူအရင်ကသိကျွမ်းဖူးတဲ့ လူထုဆက်သွယ်ရေးဆိုင်ရာကုမ္ပဏီတစ်ခုကိုဖုန်းလှမ်းခေါ်လိုက်တယ်။ အဲ့ဒီတစ်ယောက်ကယုံကြည်လို့ရတယ်။ သူပရိသတ်တွေကြားမှာ မကောင်းဖြစ်ခဲ့တဲ့ကာလတုန်းက သူ​ကသူ့ရဲ့ပုံရိပ်ကောင်းအောင်လုပ်ပေးခဲ့တာဖြစ်တယ်။

"ချန်းကျဲ(အစ်မချန်း) ကျွန်တော်ပါဗျ" စုန့်ရီကWeibo မှာဖြစ်နေတဲ့ကိစ္စကိုတိုတိုရှင်းရှင်းပြောပြလိုက်တယ်။

ချန်းကျဲရယ်တယ် "မင်းမှာလဲနော် ဒီလိုအမှားကြီးလုပ်မိလိမ့်မယ်လို့ကျဲထင်မထားဘူး"

ဒီအမှားကတကယ်ကိုအဆင့်နိမ့်တယ်လို့ စုန့်ရီလဲခံစားမိတယ်။ ဒီလိုလုပ်လိုက်တာကလဲ ကုရှင်ချွမ်းလုပ်တာနဲ့မထူးမခြားနားပဲ။ ကုရှင်ချွမ်းဒါကိုဲမသိလိုက်မသိဘာသာနဲ့ပဲကျော်ချပေးသွားလိုက်လို့မရဘူးလား မသိဘူး။

"လူတိုင်းအမှားလုပ်မိတတ်ကြပါတယ် ဒီတစ်ခါတော့ ချန်းကျဲကိုဒုက္ခပေးရတော့မှာပဲ" စုန့်ရီကယဥ်ယဥ်ကျေးကျေးပြောတယ်။

ချန်းကျဲကပြုံးပီးပြောတယ် "ပြဿနာမရှိပါဘူး ကျဲအခု Weibo ကြည့်ကြည့်လိုက်အုံးမယ် ကျဲ PR plan ရေးတာကိုစောင့်ပေးအုံးနော် နောက်ပီးကျရင်မင်းကိုပို့ပေးမယ်"

စုန့်ရီအခုမှသက်ပြင်းချနိုင်တယ် "ကျဲလုပ်ပေးမယ်ဆိုတာနဲ့ ကျွန်တော်စိတ်သက်သာရာရနေပါပြီဗျ"

ဖုန်းတစ်ဖက်ကနေ type နေတဲ့တဂျောက်ဂျောက်အသံကိုကြားနေရတယ်။ ချန်းကျဲကရေးရင်းပြောနေတယ် "ဒီကိစ္စကအဆင့်လေးဆင့်နဲ့ဖြေရှင်းရမယ် ပထမတစ်ချက်က ....အယ်?"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now