(1) (Unicode)

10.3K 255 6
                                    

" ငယ်လေး ကိုကိုစောင့်နေတယ် မလာသေးဘူးလား "

" ငယ်လာနေပီ ကိုကို ရောက်တော့မယ်နော်"

"အင်းအင်း ငယ်လေး "

ငယ်လေး ခေါ် သက်တန့်လင်း
ကျွန်တော့်နာမည် သက်တန့်လင်းပါ
အသက် ၁၈နှစ်ပြည့်ဖို့ တစ်နှစ်နဲ့ ၂လလိုပါသေးတယ် ဒါကြောင့် ကိုကိုနဲ့ချိန်းထားတဲ့ကလပ်ရောက်တော့ အပေါက်၀မှာ ကိုကို့ကိုဖုန်းဆက်ရတော့မယ်

"ကိုကို ငယ်ရောက်ပီ လာခေါ်ပါအုန်း "

"လာပြီ ငယ်လေး"

ကျွန်တော်ခေါ်လိုက်တဲ့ကိုကိုဆိုတာ တခြားသူတော့မဟုတ် ကျွန်တော်နဲ့ ၃နှစ်ကြာမျှ ချစ်ကျွမ်း၀င်လာတဲ့ ကျွန်တော့်ကိုကို (ခေါ် )
ဟိန်းမြတ်ကိုကို ပါ
ကိုကိုနဲ့ကျွန်တော်မတွေ့ရတာ တစ်လနိးပါးရှိပြီ ကိုကိုက company တခုမှာ အလုပ်လုပ်နေတော့ ကျွန်တော့အတွက် အချိန်မပေးနိုင်သေးတာပေါ့

ကျွန်တော်ကတော့ တက္ကသိုလ် ပထမနှစ် ဖြေထားတဲ့ကျောင်းသားလေးပေါ့
အချိန်ပိုင်းအလုပ် ၃ခုနဲ့ ကိုယ့်ဘ၀ကိုယ်ရုန်းကန်နေရတဲ့ တစ်ကောင်ကြွက်ပါ

*ဟော ရောက်လာပါပီ ကျွန်တော့်ကိုကို
ဂျင်းဘောင်းဘီအနက်လေးရယ် တိရှပ်အဖြူလေးရယ်ကို လိုက်ဖက်စွာ၀တ်ဆင်ထားပြီး
ကျွန်တော့်ကို‌ပြုံးပြနေတဲ့ကိုကို *

"ငယ် လာသွားမယ် "

"ဟုတ်ကိုကို "

ကလပ်ထဲ၀င်လိုက်တာနဲ့ သီချင်းသံတွေကြောင့် ကျွန်တော် နားတော်တော်ညည်းသွားရတယ်
ကလပ်ကိုရောက်ဖူးတာ ပထမဆုံးအကြိမ်ပေါ့
ကိုကိုနဲ့အမြဲတွေ့ရင် မုန့်ဆိုင်မှာဖစ်ဖစ် ပန်းခြံမှာဖစ်ဖစ် တွေ့ဖြစ်သော်လည်း ဒီတစ်ခေါက် ဘာလို့ကလပ်ကို ချိန်းရလဲမသိဘူး

"ငယ် ခန‌ထိုင် အုန်းနော် ကိုကို ငယ့်အတွက် အအေးယူပေးမယ်"

"ဟုတ်ကိုကို မြန်မြန်ပြန်လာခဲ့နော် ငယ်ကြောက်တယ် "

"အင်းပါ ခနလေးစောင့်နော် ငယ်လေး"
ကျွန်တော့်ခေါင်းလေးကို ဖွဖွ လေးပုတ်ပြီး လှည့်ထွက်သွားတဲ့ ကိုကို့ကိုကြည့်ပြီး ကျွန်တော်ပြုံးမိတယ်

ကိုကိုဘောစိWhere stories live. Discover now