(9)(Unicode)

2K 110 2
                                    

"လင်း ကိုကို လင်းကိုပြောစရာရှိတယ် "

"ဟုတ် ပြောလေကိုကို "
ဖျော်လက်စ ကော်ဖီလေးကို ခနရပ်ထားပြီး လင်းကိုကို့ရှေ့မှာ၀င်ထိုင်လိုက်တယ်

"ကိုကို စင်ကာပူ ခနသွားရမယ်"

"ကြာမှာလား ကိုကို"

"သိပ်တော့မကြာဘူး ကိုကိုက မေမေနဲ့တူတူလိုက်သွားမှာဆိုတော့ အဲ့ဒါ လင်းကောလိုက်ချင်လား"

"ကျွန်တော်လိုက်လို့ရတယ်ပေါ့ "

"ရတာပေါ့ လင်းရဲ့ လင်း ကျောင်းကို ခွင့်ယူလို့ကောရလား"

"ရတယ်လေ  ကိုကို ကျွန်တော်မနက်ဖန် ကျောင်းသွားပြီးခွင့်တင်လိုက်မယ် "

"အိုကေလေ အဲ့ဒါဆိုရင် ကိုကိုတို့ ဒီတစ်ပတ် ပိတ်ရက်သွားမယ်နော် "

"ဟုတ်ကိုကို"

ပြည်တွင်းကပင် နှံ့အောင်မသွားဖူးတဲ့ လင်းအတွက် ပြည်ပသွားရမယ်ဆိုတော့ ရင်ခုန်တာတော့ အရမ်းပဲ
ကိုကို့ကိူကျေးဇူးတင်ပါတယ် ကျွန်တော့်ကိုလူရာသွင်းလို့

*****

လှပတဲ့ညနေခင်းတစ်ခုပေါ့
သစ်ရွက်လေးတွေက ‌မြေပြင်မှာကြွေ‌ကျနေတယ်
လေစိမ်းလေးတွေက တစ်ဖြူးဖြူးတိုက်နေတယ်
အပြင်ဘက်မှ အေးနေပေမဲ့
အတွင်းထဲမှာ ပူလောင်နေတာကတော့ ဟိန်းမြတ်ကိုကိုပင်

" သတိရလိုက်တာ ငယ်လေးရယ်"

"ငယ်လေးကို ကိုကို ပြန်လာရွေးချင်တယ်"
မဆီက ရတဲ့ပိုက်ဆံတွေကို အလောင်းကစားလုပ်လိုက်မိတာ လက်ထဲတပြားမှမကျန်တော့တဲ့အပြင် အကြွေးပါထပ်တင်နေတော့
ငယ်လေးကို ရွေးဖို့ကိစ္စ မဖြစ်နိုင်တော့ပြန်ဘူး

"ငယ်လေး ကိုကို့ကို မုန်းနေသေးလား မသိဘူး "

ချစ်လားမေးရင် ချစ်ပါတယ်
ဘာကြောင့် သူအခုလို ရောင်းခဲ့မိလည်း မသိတာတော့ အမှန်ပါ
ကိုယ့်ရဲ့လောဘနဲ့အတောမသတ်နိုင်ခဲ့တဲ့ အလောင်းကစားကြောင့် အခု အကြွေးလည်း ပြန်နစ်နေသလို မကလည်း ကွာရှင်းတော့မယ်
ငယ်လေးကိုလည်း ပြန်ရွေးလို့မရတော့ဘူး
စုပ်လည်းစူး စားလည်းရူး ဘ၀ကို ဟိန်းမြတ်ကိုကို ရောက်နေခဲ့တယ်

ကိုကိုဘောစိWhere stories live. Discover now