(2) ( Unicode)

3.5K 167 5
                                    

မိုးလင်းနေပြီဆိုတဲ့အသိရှိ‌ ပေမဲ့ အိစက်နေတဲ့ မွေ့ယာကြီးကြောင့် သက်တန့်လင်း မျက်လူံးတွေကိုမဖွင့်နိုင်ပဲ
*ငါအိမ်မက်မက်နေတာထင်တယ် အရမ်းအိပ်လို့ကောင်းတယ် မွေ့ယာကြီးက *(စိတ်ထဲကအတွေး )
မွေ့ယာပေါ်မှာ ၂ပတ်လောက်လိမ့်ပြီးမှ ခေါင်းထဲရောက်လာတဲ့အတွေးတစ်ခု
*မဟုတ်သေးပါဘူး ငါ့အိမ်ကမွေ့ယာက ဒီလိူမအိပါဘူး *

မျက်လုံးနှစ်လုံးကို ချက်ချင်းတန်းဖွင့်လိုက်ပီး ဘေးပတ်လည်ကိုကြည့်လိုက်တော့ အခန်းတစ်ခု
လိုက်ကာတွေက အကြိးကြီးတွေ အခန်းထဲကပစ္စည်းတွေက အကောင်းစားတွေကြီးပဲ

"ကိုကို ... ကိုကိုဘယ်မှာလဲ ငယ်လေးဘယ်ရောက်နေတာလဲကိုကို "

ညက အိပ်ပျော်သွားထဲက ဘာမှမမှတ်မိတော့ဘူး
ဒီကိုဘယ်လိုရောက်လာတာလဲမသိဘူး ကိုကိုကကော ဘယ်မှာလဲ ကိုကို့အိမ်ကလည်း ဒီလိုမဟုတ်ပါဘူး ရှုပ်ထွေးနေသောအတွေးပေါင်းများစွာနဲ့
အခန်းထဲကို ပတ်ပတ်လည်ကြည့်လိုက်ကာ လိုက်ကာဖွင့်လိူက်တော့ ခြံထဲမှာ လူတစ်ယောက်ရှိနေတာ သတိထားမိသွားတယ်

"ဟိတ်လူကြီး ဟိတ်လူကြီး .."

အပေါ်ထပ်ကနေ လက်ယက်ပြီးခေါ်နေပေမဲ့
ခြံထဲကလူကတော့ သူ့အသံကိုမကြား
(ဘယ်ကြားမလဲအခန်းက အသံလုံတဲ့အပြင် သက်တန့် လင်းက မှန်တံခါးမဖွင့်ပဲအော်နေတော့ ခြံထဲကလူက လှည့်တာမကြည့်ဘူး)

"ဒီလူကလည်း နားကန်းနေလားမသိဘူး ..."

ပြောပြောဆိုဆိူနဲ့ အခန်းထဲကထွက်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်ဝောာ့ လှေကားလက်ရန်းတစ်လျှောက် ချိတ်ဆွဲထားတဲ့ပန်းချိီကားတွေ
ပန်းချီကားတွေရဲ့အကြောင်းတွေက်ု သက်တန့်လင်းနားမလည်ပေမဲ့ ဈေးကြီးမယ်ဆိုတာတော့ သိတယ် ဟိုငေးဒီငေးနဲ့ အိမ်အပေါက်၀ရောက်တော့မှ ခြံထဲ က လူဆီကို ဖြေးဖြေးချင်းလျှောက်သွားလိုက်တယ်

"အဟမ်း ဟို ဟိုလေ "

"အင်းပြော ကောင်လေး "

ကျောပေးပြိီးရပ်နေတဲ့လူကြီးက သက်တန့်လင်းဘက်ကိုလှည့်လာတော့ သက်တန့်လင်း ထိုလူကြီးကို တစ်ချက်ကြည့်လိုက်ပြီး အံ့ဩသွားပြီး *တော်တော်ခန့်တဲ့လူပဲ *ဆိုတဲ့အတွေးကိုတွေးလိုက်မိတယ်

ကိုကိုဘောစိWhere stories live. Discover now