(13)(Unicode)

3.7K 169 90
                                    

"ဘာပြောတယ် ကိုကို မွေးစားမယ် "

"ဟုတ်တယ် ကိုယ်လင်းကို မွေးစားမယ် ပြီးရင် နိုင်ငံခြားကို ပညာတော်သင်လွှတ်ပေးမယ် လင်းဖြစ်ချင်တာကို အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးမယ် "

" လက်မခံနိုင်ဘူး ကိုကို ကျွန်တော့်ဘ၀ကို ကိုကို ဖြစ်ချင်သလို စီစဉ်စရာအကြောင်းမရှိဘူး "

"ရှိတယ် လင်း ကိုယ်မင်းကို မြေတောင် မြှောက်ပေးမယ် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်‌နိုင်အောင်လုပ်ပေးမယ် "

"ဘာလို့လဲ ဘာလို့အဲ့လိုလုပ်ပေးချင်တာလဲ ကိုကို့ မမကြောင့်လား သူ့ကြောင့်လား ပြောလေ ကိုကို"

"မဆိုင်တဲ့လူကို ၀င်ဆွဲမထည့်နဲ့ လင်း "

"ဘာလို့မဆိုင်ရမှာလဲ သူပေါ်လာလို့ ကိုကို ကျွန်တော့်အပေါ် ပြောင်းလဲသွားတာလေ မဟုတ်ဘူးလား ကိုကိုအရင်က ဒီလိုမှမဟုတ်တာ သူကြောင့် သူကြောင့် "

"တော်တော့ မင်း‌မဟုတ်တာမပြောနဲ့ မင်းသာ ငါ့ကိူမချစ်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး"

" ကျွန်တော်ပဲချစ်တာမဟုတ်ဘူးလေ ကိုကိုလည်းချစ်တယ်ပြောခဲ့တာပဲလေ မဟုတ်ဘူး"

"ငါမင်းကိုချစ်တယ်ဆိုတာ ညီလေးတစ်ယောက်လို"

"ကိုကို လိမ်တယ် ကျွန်တော်မှတ်မိတယ် "

"အဲ့နေ့က ငါဆက်ပြောမဲ့စကားကို မင်းဖြတ်ပြောပီး ကိုယ်လိုချင်တာ ဆွဲတွေးပြီး အိပ်သွားတာလေ "

"မဟုတ်ဘူး ကိုကို လိမ်နေတာ ကိုကိုကျွန်တော့်ကိုချစ်တယ် ပြောခဲ့တယ်လေ "

"အေး ငါချစ်တာ မင်းကိုညီလေးတစ်ယောက်လို "

"မဟုတ်ဘူး တော်ပြီမပြောနဲ့တော့ "

"အေး အဲ့အကြောင်းမပြောတော့ဘူး မင်းက်ုမွေးစားဖို့ကိစ္စဆက်ပြောမယ် မင်းကို ငါ့ရဲ့ ပစ္စည်းတွေတစ်၀က်ပေးမယ် တစ်ခါတည်း စာချုပ်နဲ့ မင်းနာမည်နဲ့လုပ်ထားမယ် ပြီးရင်..."

"မလိုချင်ဘူး ကျွန်တော်လိုချင်တာ ငွေမဟုတ်ဘူး "

"မလိုချင်လည်း ယူရမှာပဲ မင်းက မနက်ဖန်ကစပြီး ငါ့ညီဖစ်တော့......"

ကိုကိုဘောစိWhere stories live. Discover now