ကျွန်တော်မျှော်လင့်ခဲ့တဲ့ ခရီးစဉ်က ၀မ်းနည်းခြင်းနဲ့ အဆုံးသတ်ခဲ့တယ်
ကိုကိုရယ် ကျွန်တော်ရယ် ကိုကို့ရဲ့ကောင်မလေးရယ် ၃ယောက်သားရန်ကုန်ကို ပြန်လာခဲ့တယ်
ရန်ကုန်ပြန်ရောက်လာတော့ ကိုကို့မမက ကိုကိုနဲ့ကျွန်တော်နေတဲ့အိမ်မှာတည်းတယ်ကျွန်တော့အခန်းကို အောက်ထပ်ရွေ့လိုက်ပြီး
ကိုကိုနဲ့ ကိုကို့မမအခန်းက ဘေးချင်းကပ်ပေါ့"အင်း ပထမလူပြန်လာရင် ဒုတိယလူက နေရာရွေ့ပေးရတယ်တဲ့လား"
ကျွန်တော်တို့ကမသက်ဆိုင်ခဲ့ပါဘူး
"လင်း ဘာလုပ်နေတုန်း"
"ဘာမှမလုပ်ပါဘူး "
"အင်း ကိုယ်လင်းကို ဒီရက်ပိုင်း ဂရုမစိုက်မိခဲ့ဘူး "
"ရပါတယ် ကျွန်တော်ကကလေးမှမဟုတ်တာ "
"အင်း ဒီမှာ လင်းအတွက် ကတ် "
"ဘာအတွက် "
"လင်းလိုတာတွေ ၀ယ်ဖို့အတွက် လင်းကို လိုက်၀ယ်ပေးဖို့ကြ ကိုယ်မအားမှာဆိုးတော့ လင်းလည်း လူကြီးပဲဆ်ုတော့ ၀ယ်တတ်မှာပါ"
"အင်း ဒါအကုန်သုံးရမှာလား"
"အင်းဟုတ်တယ် ကုန်ရင်ပြော ထပ်ထည့်ပေးမယ် "
"ဟုတ် "
ကိုကိုနဲ့စကားပြောပြီးတာနဲ့ အခန်းထဲ၀င်လာခဲ့တယ် ဗီဒိုထဲမှာရှိတဲ့ အနက်ရောင်ရှပ်လေးနဲ့ ဂျင်းေဘာင်းဘီအနက်လေးကိုထုတ်ပြီး ကုတင်ပေါ်တင်လာတယ်
ရေချိုးခန်းထဲ၀င်ပြီးတာနဲ့ ရေချိုးပြီး အက်ျနဲ့ဘောင်းဘီကို ၀တ်လိုက်တယ်
ရေမွှေးသင်းသင်းလေးကို ဖြန်းပြီး ဆံပင်ကိုလည်းပုံသွင်းလိုက်တယ်
Time to go လက်မှာ ပတ်ထားတဲ့ နာရီလေးကိုကြည့်ပြီး"ပျော်ရွှင်မှုကို ကိုယ်ကိုကိုယ်ရှာရတယ် "
ကျွန်တော့်ကိုယ် ကျွန်တော် အားပေးပြီး အခန်းပြင်ထွက်လာခဲ့တယ်" လင်း "
ကိုကိုကတော့ အံ့ဩတဲ့ပုံစံနဲ့ကြည့်နေတယ်
"ကျွန်တော် ညစာအပြင်မှာပဲစားတော့မယ် မစောင့်နဲ့တော့နဲ့နော် "
YOU ARE READING
ကိုကိုဘောစိ
Romance*Unicode* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ *Zawgyi* ကျွန်တော်ကကိုကို့ရဲ့ ကလေးဆိုးလေး #သက်တန့်လင်း ဒါဆိုကိုကိုက မင်းကိုထိန်းမဲ့ ကလေးထိန်းပေါ့ #ဈာန်မီးလျှံ