Prolouge

1.8K 111 13
                                    

#Unicode

ဘဝကိုလွတ်လွတ်လပ်လပ်သာဖြတ်သန်းနေရတာကိုက သူရဲ့အားသာချက်...။
သူကမြို့ပြရှုခင်းများကိုခံစားပီးအလှဓာတ်ပုံ
ရိုက်ရခြင်းကိုနှစ်သက်တယ်။အပျော်တမ်းဓာတ်ပုံ
ဆရာဆိုလည်းမမှားပေ...။

သူအမြဲဓာတ်ပုံရိုက်နေကျနေရာလေးကတော့
ကောင်းကင်လို့အဓိပ္ပာယ်ရတဲ့ဒီhaneulဆိုတဲ့
ဂုန်းကျော်တံတားလေးပေါ်ပင်...။ထိုပေါ်မှတဆင့်မြို့ပြ၏လှပမှုကိုခံစားနိုင်ရုံမက အသီးသီးသွားလာ
လှုပ်ရှားနေသော လူတို့​၏အလှကိုလည်းခံစားနိုင်သေးသည်။

ဘာပူပင်မှု အငြိအတွယ်မှမရှိသော သူရဲ့ဘဝလေးသို့ တနေ့တော့အငြိစွန်းလေးတခုစတင် ဝင်ရောက်လာတော့သည်။

မြို့ပြအလှကိုပုံဖော်ရိုက်ကူးအပီး ဂုံးကျော်တံတားလေးကိုနှုတ်ဆက်ခဲ့ကာ အိမ်သို့ပြန်ရန် လမ်းကြားလေးထဲချိုးဝင်ခဲ့သည်။ကင်မရာမှ ရိုက်ကူးပီးခဲ့တဲ့
ဓာတ်ပုံများကိုကြည့်ရင်း ခြေလှမ်းတို့ကလည်း
ပုံမှန်ဖြင့်။သို့သော်မထင်ထားဘဲ မနီးမဝေးကနေတွေ့မြင်နေရတဲ့ပုံရိပ်လေး။

ထိုပုံရိပ်ပိုင်ရှင်ကတော့ အညိုရောင်LVလွယ်အိတ်ကို
ပုခုံးပေါ်တွင်လွယ်ထားပီးနားကျပ်တပ်ကာ သီချင်းကိုစီးမြောနေတဲ့ကောင်လေးတယောက်။
ကင်မရာစက်ခရင်ပေါ်ရှိသူ့မျက်လုံးတို့သည် ယခုတော့ထိုကောင်လေးဆီ၌သာ။

ကောင်လေးကအနောက်ကကားဝင်လာတာကိုသတိမထားမိဟန် သီချင်းထဲတွင် နစ်မြောနေတုန်းပင်။ကားဟွန်းတီးသံကြားမှ လန့်သွားကာလွယ်ထားတဲ့
လွယ်အိတ်လေးလည်းအောက်သို့ပြုတ်ကျပီး အထဲမှပစ္စည်းများလည်း လမ်းပေါ်ပြုတ်ကျလာတော့သည်။

ခုနတည်ကြည်နေသောကောင်လေးပုံစံလေးမှာ အခုတော့ပြာယာတခတ်ဖြစ်သွားရသည်။သူ့ပစ္စည်းတွေကိုအလျင်အမြန်ပြန်ကောက်ပီး ကားသမားကိုလည်းတောင်းပန်စကားများ အဆက်မပြတ်ဆိုနေတော့သည်။

ပြာယာတခတ်ဖြစ်နေသောကောင်လေးပုံစံကိုသူ
ကြည့်ပီးရယ်မိသွားသည်။သူ​၏ကင်မရာထဲ၌လည်း ယခုတော့မြို့ပြရှုခင်းများအပြင် ကောင်လေးရဲ့ ပုံများကနေရာယူသွားတော့သည်။

A NyiWhere stories live. Discover now