~three~

544 69 13
                                    

#Unicode

အကိုနဲ့ဖြတ်သန်းရင်း တစ်နေ့တာလေးကုန်ဆုံးသွားခဲ့သည်။ အကို့ကိုထပ်တွေ့နိုင်ဖို့က သူ့မှာမနက်ဖြန်
တစ်ရက်ဘဲအချိန်ရှိတော့သည်။ မနက်ဖြန်ပီးလျှင် သူကနဂိုမူလအတိုင်း လှောင်အိမ်ထဲက ငှက်ကလေးအဖြစ်သာနေသွားရမည်။

ထိုအကြောင်းတွေကိုစဉ်းစားရင်သူဘဲပင်ပန်းတာမို့
မစဉ်းစားတော့ဘဲ အကိုနဲ့အတူရှိခဲ့တဲ့ဒီနေ့လေးကို
ပြန်တွေးရင်းသာ အိပ်စက်ခြင်းဆီသို့...။
:
:
ဒီနေ့လည်းအကိုနဲ့တွေ့ရမည်ဆိုတော့ ရွှင်မြူးနေတော့သည်။အကိုက အညိုရောင်ကြိုက်တယ်ဟုပြောပြထားသောကြောင့်ဘာမဆိုင်ညာမဆိုင်သူ အညို
ရောင်တီရှပ်လေးဝတ်လိုက်သည်။

ဒီနေ့အတွက်သူတို့ရဲ့နေရာလေးကတော့ ဟိုနေ့ကအကိုနဲ့စတွေ့ခဲ့တဲ့ပန်းခြံလေးပင်...။
ဒီနေ့လည်းအကိုကသူ့ထက်စောရောက်နေပြန်သည်။

"အကိုtaehyung အခုလည်းစောရောက်နေပြန်ပီ"

သူပြောတော့အကိုကရယ်ကာ

"တွေ့ချင်တဲ့သူက စောင့်နေရမှာပေါ့"တဲ့။

အကိုပြောလိုက်တဲ့စကားကြောင့် နှလုံးခုန်သံတို့
မြန်လာကာ ပေါက်ထွက်သွားတော့မည့်အလားပင်။

"ကျွန်တော်တို့ဒီနေရာမှာဘဲစတွေ့ကြတာနော်"စကားလမ်းကြောင်းလွှဲကာသူပြောတော့

"မဟုတ်ဘူး အကိုက ဂျင့်ကိုလမ်းကြားလေးထဲမှာ
ကတည်းကစတွေ့တာ"

"လမ်းကြား.."အကို့ပြောစကားကိုစဉ်းစားတော့

"အင်း..ဂျင်ကကားလာတာကိုမသိဘဲ ဘေးမကပ်ဘဲနေတော့ ကားသမားကြီးကဟွန်းတီးလိုက်တာလေ"

"အာ ဂျင်မှတ်မိပီ အဲ့တုန်းကဂျင်ပစ္စည်းတွေပါပြုတ်ကျကုန်လို့ အချိန်တွေပိုကြာသွားပီ ကားသမားကြီးကိုတောင်တောင်းပန်နေရတယ်"

"အင်း.."

"နေပါဦး ဂျင်အခုမှသိတယ်အဲ့တုန်းက
ဂျင့်ကိုဓာတ်ပုံရိုက်သွားတာ အကိုမလား"

"အင်းဟုတ်တယ်"

"ဘာလို့ဂျင့်ရဲ့ပုံကိုရိုက်သွားတာလဲဟင်"

"သဘောကျလို့"

"hmm..."အကို့အပြောလေးကိုအံ့ဩမိကာ အကို့ကိုမော့ကြည့်မိတော့

A NyiWhere stories live. Discover now