Epilouge

778 75 22
                                    

#Unicode

ကောင်လေးသူ့နားကထွက်သွားပီနောက်ပိုင်း
ဂုံးကျော်တံတားလေးပေါ်လည်းသူမရောက်ဖြစ်တော့သလို ...ကောင်လေးကိုစတွေ့ခဲ့တဲ့လမ်းကြားထဲလည်းသူမသွားဖြစ်တော့ပါ။

သို့သော်ကောင်လေးနဲ့ပထမဆုံးခင်မင်ရင်နှီးခွင့်ရခဲ့တဲ့ရေကန်လေးဆီသို့ အမြဲလာဖြစ်သေးသည်။
ကောင်လေးမြန်းရောက်လာဦးမလားဆိုသည့်အတွေးလေးနှင့်....

သို့သော်လည်းကောင်လေးကတစ်ရက်ကလေးမှ ထိုရေကန်လေးဆီရောက်မလာတော့ပါ....

မနက်ဖြန်ဆိုအမေရိကကို သွားရတော့မည်မို့ရေ
ကန်လေးဆီနောက်ဆုံးအကြိမ်လာခဲ့သည်။ဒီနေ့လည်းကောင်လေးကိုမတွေ့ပေ...။

ကောင်လေးနဲ့သူရဲ့ရေစက်ကဒီလောက်ဘဲလား...

ကံကြမ္မာကြီးရယ် သူ့ကိုမျက်နှာသာပေးပီး
ကောင်လေးနဲ့ထပ်မံဆုံစည်းခွင့်ရအောင် မကူညီပေး
ချင်ဘူးလား...

One year later

ကောင်လေးကိုတရက်ကလေးမှသူမေ့မရခဲ့ပါ...
အမေရိကား ကပြန်လာပီးနောက်ပိုင်းလည်း
ရေကန်ဘောင်လေးမှာ အခြေချနေဆဲပင်...။
ပထမဆုံးရိုက်ကူးမိတဲ့ကောင်လေးဓာတ်ပုံလေးကို ကြည့်ရင်း...

"ဂျင်အခုဆိုဘာတွေလုပ်နေမှာလဲ ...ကံကြမ္မာကြီး
ကမျက်နှာသာပေးပီးကိုယ်တို့၂ယောက်ဆုံမဲ့နေ့ကို
ကိုယ်မျှော်လင့်နေဆဲပါ.."

တဖက်ကကောင်လေးမှာလည်း....

သူရဲ့နမော့နမဲ့အကျင့်လေးအတိုင်း လွယ်အိတ်ထဲမှ
ပြုတ်ကျနေသောပစ္စည်းတွေကိုကောက်ထည့်ရင်း ကူညီပေးသောလက်တစ်စုံကိုတွေ့ရာမျှော်လင့်တကြီးနှင့်မော့ကြည့်မိသည်။သို့သော်သူမျှော်လင့်ထားတဲ့သူမဟုတ်.....။

"အကိုရော အခုချိန်ဘာမြန်းလုပ်နေပါလိမ့်"အကို့
ပုံရိပ်တို့ကချက်ချင်းအတွေးထဲပြန်ဝင်လာတော့သည်။ပစ္စည်းတွေကိုအမြန်ကောက်ထည့်ပီး ကူညီပေးတဲ့သူကိုလည်းကျေးဇူးတင်ကာထိုနေရာမှထွက်လာ
လိုက်တော့သည်။

သူသာထိုနေရာလေးမှာဆက်ရှိနေခဲ့မယ်ဆိုရင် သူတွေ့ချင်တဲ့အကို့ကို တွေ့ကောင်းတွေ့နိုင်ပါရဲ့...။သို့သော်ကံကြမ္မာကြီးကမျက်နှာသာမပေးစွာ ၂ယောက်သားလွှဲချော်ခဲ့ရသေးသည်။
:
:

A NyiWhere stories live. Discover now