~one~

911 96 13
                                    

#Unicode

သူတို့၂ယောက်ရဲ့နီးစပ်မှုများလား..မထင်ထားဘဲကောင်လေးနှင့်ကော်ဖီဆိုင်မှာ ထပ်မံတွေ့ဆုံခဲ့သည်။
မီနူးချပ်ပေါ် လက်ထောက်ကာ လိုချင်တဲ့အရသာရွေးနေတဲ့ ကောင်လေးနဲ့သူ့အကြိုက်တို့တူကာ မီနူးချပ်
ပေါ်ရှိ လက်တို့ထပ်တူကျရုံမကနှုတ်မှလည်း"espresso တစ်ခွက်လောက်ပေးပါ"ပြိုင်တူ
ထွက်မိကြသည်။

ကောင်လေးကသူ့ကိုတချက်သာလှည့်ကြည့်ပီး
ကောင်တာမှကော်ဖီခွက်ကိုယူကာ casherကောင်မလေးကိုပိုက်ဆံရှင်းပီးထိုနေရာမှထွက်သွားတော့သည်။ထွက်သွားတဲ့ကောင်လေးကျောပြင်ကို မျက်စိတဆုံးလိုက်ကြည့်မိနေသည်။

casherကောင်မလေးဆီကအသံကြားမှဘဲ ပိုက်ဆံရှင်းဖို့သတိရပီး ကော်ဖီခွက်ယူကာသူလည်းထိုနေရာမှ
ထွက်လာလိုက်တော့သည်။

စိတ်ထဲ၌ကောင်လေးကိုတွေ့ချင်နေသောကြောင့် ကောင်လေးသွားရာနောက်ကို လိုက်ရန်ဆုံးဖြတ်ခဲ့
သည်။ကောင်လေးနောက်ကို ထပ်ကျပ်မကွာလိုက်ရင်း ပန်းခြံထဲကိုဝင်သွားတဲ့ကောင်လေးကြောင့် မျက်ချီ
ပြတ်သွားတော့သည်။

ပန်းခြံထဲတွင်ဟိုကြည့်ဒီကြည့်နဲ့ကောင်လေးကိုရှာနေ
ရင်း တနေရာအရောက် ရေကန်ဘောင်ပေါ်တွင်ရပ်နေသောကောင်လေးကိုလှန်းတွေ့လိုက်သည်။

ဘာမြန်းလုပ်မလို့လဲလို့သူဆက်ကြည့်နေတုန်း
ဘောင်ပေါ်ကနေခုန်ချလိုက်သောကောင်လေး
ကြောင့်သူထိုနေရာသို့အမြန်ပြေးသွားရသည်။

"ဟိတ်..ဟိတ်..ဘာလုပ်မလို့...ဟာ..မလုပ်ရဘူး...!"
ရေကန်ဆီဆက်သွားနေသောကောင်လေးကြောင့်အနောက်ကနေအမြန်ပြေးကာလှန်းဆွဲလိုက်တော့
ကောင်လေးကသူ့ရင်ခွင်ထဲယိုင်ပီးရောက်လာသည်။

နှုတ်မှလည်းအော်ကာသူ့ကိုတွန်းထုတ်နေတဲ့
ကောင်လေးကြောင့်...

"ဘာလို့အော်တာလဲ..."

"ဘာလုပ်တာလဲ"

"အကို ဟိုပေါ်ကလှန်းမြင်တာ ဘာလို့ရေထဲခုန်ဆင်းတာလဲ ဘာတွေစိတ်ညစ်စရာများရှိလို့လဲ"

ကောင်လေးကမဖြေဘဲသူ့ကိုကြောင်တောင်တောင်နဲ့ဆက်ကြည့်နေသောကြောင့်

A NyiWhere stories live. Discover now