~two~

619 77 16
                                    

#Unicode

မနက်ကပန်းခြံထဲတွေ့ခဲ့တဲ့အကို ကသူ့အတွေးထဲကိုကျူးကျော်ဝင်ရောက်နေသည်။

သူနဲ့အကိုရဲ့တွေ့ဆုံမှုကဆန်းကြယ်သလိုလိုပင်။တကယ်တမ်းသူ ရေကန်ထဲခုန်ချမလို့ကြံရွယ်နေခြင်းမဟုတ်ပေ။ မုန့်ထုပ်ကိုမိုးပေါ်မြှောက်ကစားနေရင်း
ပြုတ်ကျသွားသောကြောင့် ဆင်းကောက်နေခြင်း
ဖြစ်သည်။

ဒါကိုမသိသောအကို ကသူ့ကိုရေကန်ထဲခုန်ချကာ သတ်သေမယ်လို့ထင်နေပုံပင်။သူ့ဘဝကြီးက အခြားသူများလောက်ပျော်စရာမကောင်းပင်မဲ့ဒီလို သတ်သေမဲ့အလုပ်ကြီးကိုတော့ သူဘယ်တော့မှလုပ်
မည်မဟုတ်။

အကိုကထိုသို့အထင်နှင့်ရင်ဖွင့်ရန်ပြောရာသူလည်း အရင်ကမွန်းကျပ်ခဲ့တာတေကိုစိတ်သက်သာလို့
သက်သာညားအကို့ကိုရင်ဖွင့်မိသည်။အကိုကရင်
ဖွင့်သမျှကိုနားထောင်ပေးရုံမက နောက်နေ့ကျရင်အဖော်ပြုပေးမယ်ဟုပါပြောလာသည်။အကို့ဘေးနားရှိလိုက်ရတဲ့အချိန်မှာ ဘာကြောင့်မှန်းမသိ ရင်ခုန်သံတွေမြန်ဆန်လာခဲ့သည်။

ယခုလည်းအကိုက၉နာရီကျဖုန်းဆက်လိုက်မယ်ဟုဆိုထားသောကြောင့် လူကဂနာမငြိမ်စွာ အကို့ဖုန်းကိုမျှော်နေမိသည်။အချိန်တေကလည်းဒီနေ့ကျမှပိုကြာနေသလိုပင်...၉နာရီကလည်းမထိုးနိုင်သေးဘူး...

လှုပ်ခတ်နေတဲ့စိတ်လေး ငြိမ်လို့ငြိမ်ညားဆိုပီး social mediaတခုခုသုံးနေလိုက်တော့သည်။အချိန်ကိုသတိရကာနာရီကိုကြည့်လိုက်တော့၉နာရီထိုးဖို့၁မိနစ်...။
ခဏအကြာ ကြားလိုက်ရသောringtoneအသံနှင့်အတူ ဖုန်းစက်ခရင်ပေါ်မှ unknown  number...။

"ဟယ်လို.."

"ဂျင်လား မနက်ကလေစကားဘဲပြောလိုက်ရတယ် မိတ်တောင်မိတ်မဆက်လိုက်ရဘူး အကို့နာမည်က
ကင်မ်ထယ်ယောင်းပါ သူငယ်ချင်းတွေကတော့
ထယ်ယောင်းလို့ခေါ်တယ် ဂျင်လည်းအကို့ကို အကို
ထယ်ယောင်းလို့ခေါ်လို့ရတယ်"

အကို့အသံကိုကြားပီးနှလုံးခုန်သံတွေအရမ်းမြန်လာသောကြောင့် နှုတ်ခမ်းကိုကိုက်ကာနှုတ်ဆိတ်နေ
မိသည်။

အကို့ဆီမှ"ဟယ်လို"ဆိုတဲ့အသံထပ်ကြားတော့မှဘဲ..

"အော်..ဟုတ်ကဲ့"

A NyiWhere stories live. Discover now