Ep-4

9.9K 998 64
                                    


ဒီနေ့ထယ်ယောင်း
အစောကြီးထပြီး
ပြင်ဆင်ထားမိသည်..
ကိုယ့်အလုပ်ရှင်အသစ်က
လာကြိုမှာဆိုတော့
နောက်ကျတာမျိုးမဖြစ်
စေချင်ပါ ။

စတိုးဆိုင်အလုပ်ကို
ထွက်တော့ဆိုင်ရှင်က
ရင်းနှီးနေသည်မို့
အားရင်လာလုပ်ဖို့ခေါ်ခဲ့
သည် ။

ထယ်ယောင်းအတွက်
ပိုက်ဆံဆိုတာ
လိုအပ်သည်မို့
ထိုအလုပ်လေးကိုလည်း
လက်မလွှတ်ချင်ခဲ့ ။

ထို့ကြောင့်
မင်းသမီး အလုပ်ပါးသည့်အချိန်
စတိုးဆိုင်လေးတွင်ထပ်
လုပ်ရန်ပါ ဆုံးဖြတ်ထားသည် ။

လောဘကြီးတာထက်
ထယ်ယောင်းတို့
အိမ်ကငှားနေထားသည်မို့
လစာရလာရင်လည်း
ထိုအထဲကပေးရမည်လေ ။

ထို့ကြောင့် ပိုက်ဆံ
ကို ထယ်ယောင်း မက်မောပါသည် ။

"သား ထယ်လေး ဒီနေ့ အလုပ်မသွားဘူးလား "

အိပ်ခန်းထဲမှထွက်လာသည့်
မေမေက ထယ်ယောင်းအပြင်
အကျီဝတ်ပြီး ဧည့်ခန်းထဲမှာ
ထိုင်နေတာ အလွန်အံ့ဩ
နေဟန် ။

"သားဒီနေ့ အလုပ်သစ်လုပ်ရမှာ မေမေ .. မင်းသမီးအင်ဆူယာ
ဆီမှာ သားလုပ်ရမှာ ၊ အက်တာ လစာလည်းကောင်းတယ်
မေမေရဲ့ သူက သားကို ဒီနေ့လာကြိုမယ်ဆိုလို့ သား
စောင့်နေတာ "

"ဟယ် ..ဟို အင်ဆူယာလေးလား သားရယ် ကံကောင်းလိုက်
တာ ၊ မေမေလေ သူ့ကို သိပ်ကြိုက်တာ သားက သူ့ဆီမှာ
ဘာလုပ်ရမှာလဲ "

"သူ့ရဲ့ မန်နေဂျာလုပ်ရမယ်ပြောတယ်မေမေ "

"အေးကွယ် သေချာလေးလုပ် အမေလည်းသားကို ဆိုင်တွေ
မှာ စားပွဲထိုးနေရတာမမြင်ရက်တော့ဘူး "

အမေ့ပါးလေးကို နမ်းလိုက်တော့
အမွှေးနံ့သင်းသင်းလေး
ရသည် ။

အမေ့ကိုယ်သင်းရနံ့က
သားအတွက် အားဆေး
တစ်မျိုးပဲ မေမေ ။

မေမေ့ကို ထမင်းလေးပြင်ပေး
နေတုန်း ဖုန်းလာလို့ကိုင်
တော့ အမဆူယာ
အောက်မှာရောက်နေပြီ
ပြောသောကြောင့်
မေမေ့ကို သေချာပြင်ပေးပြီးမှ
အောက်ကို ပြေးဆင်းရသည် ။

"ဖြေးဖြေးလာပါ မောင်လေးရယ် .. အမထွက်မပြေးပါဘူး "

"မဟုတ်တာ ..ကျတော်က အလုပ်သမားဖြစ်ပြီး အမကို
စောင့်ခိုင်းသလိုဖြစ်မှာ ကျတော်မလိုချင်လို့ပါ "

Age Is Just A Number√Where stories live. Discover now