Ep-10

10.3K 939 88
                                    


"ခင်ဗျာ .. မနောက်ပါနဲ့ဗျာ
ကျတော့်မန်နေဂျာက ဦးလေးကြီးဆိုတာမဖြစ်နိုင်တာကို "

" ငါနောက်နေတယ်မင်းထင်လို့လား ..?
မင်းကို ပေးထားတယ့်လစာအရ မန်နေဂျာငှားပေးဖို့ မဖြစ်နိုင်
လို့ ငါမန်နေဂျာလုပ်ပေးမှာ "

Top 1to3 ဝင်သည့်
Jeon Gp ၏ ပိုင်ရှင်က
လစာအများ
ကြီးပေးထားတာမို့
မန်နေဂျာမငှားပေးနိုင်တော့ပါဘူး
ဆိုတာ ကြားလို့မှ‌ ကောင်းကြ
သေးရဲ့လား ။

ထယ်ယောင်း အရှေ့က
ဦးလေးကြီး ကိုကြည့်တော့လည်း
အတည်ပြောနေသည့်
ရုပ်ကြီးဖြင့်သာ ။

" ထားပါတော့ .. ကျတော် ဒီနေ့ဘာလုပ်ရမှာလဲ "

" မင်းအခန်းထဲမှာ ငြိမ်ငြိမ်လေးထိုင်နေပေး .. နေ့လယ်ကျ
နေ့လယ်စာစားမယ် ပြီးရင် မင်းအတွက် အစားအသောက်
ပိုင်းတို့ gym အပိုင်းတို့ကို တာဝန်ယူ train ပေးမယ့်သူ
နဲ့ မိတ်ဆက်ပေးမယ် ၊ အခုတော့ ရုံးခန်းထဲသွားလို့ရပြီ "

" ဟုတ်ကဲ့ပါ .. ခွင့်ပြုပါဦး "

ထယ်ယောင်းလည်းနှုတ်ဆက်ပြီးတာနဲ့
အခန်းထဲက ထွက်
လာခဲ့တော့သည် ။

သူမော်ဒယ်လောကထဲ
ဦးလေးကြီးကြောင့်သာမဟုတ်ရင်
ဝင်ဖြစ်မှာမဟုတ်ပေ ။ ‌

အပေါက်ဆိုး
ပေမယ့် သဘောကောင်းသည်မို့
ထယ်ယောင်းသဘောကျ
ပါသည်လေ ။

အမဆူယာကတော့
ထယ်ယောင်း ကျေးဇူး
ရှင်ဆိုလည်းမမှားပေ ။

တစ်နေ့ကျ ကျေးဇူးပြန်ဆပ်နိုင်
အောင်လည်း ထယ်ယောင်း
ကြိုးစားမည် ။

.
.
.
.

" ဂျွန် .. အလုပ်များနေတာလား ..? "

ပိစိလေး အခန်းထဲက
ထွက်သွားကတည်းက
အလုပ်ပုံထဲခေါင်းနှစ်နေရသည့်
ဂျောင်ကုမှာ ဆူယ့ာအသံကြားမှ
ခနနားရတော့သည် ။

" နည်းနည်းပါ .. လကုန်ရောက်ပြီမို့ လချုပ်တွေလုပ်နေရတာ
ဒါနဲ့ ရူတင်မရှိဘူးလား ဆူယာ "

" အင်း .. မနက်ပိုင်းမရှိဘူးလေ
ဂျွန် နဲ့လည်းတွေ့ချင်တာရယ် ထယ်ယောင်းရော အဆင်ပြေ
လား လာကြည့်တာ "

Age Is Just A Number√Where stories live. Discover now