ထယ်ယောင်းအခန်းထဲက
အိတ်ယူကာအပြင်ထွက်လာ
တော့မေမေကမရှိသည်မို့မေမေ့
အခန်းထဲဝင်လာတော့မေမေက
ဘူးတစ်ဘူးကိုဖွင့်ကြည့်နေသည်။"မေမေ ဘာလုပ်နေတာလဲ??"
ထယ်ယောင်းမေးလိုက်တော့
မေမေကကိုင်ထားသည့်ဘူး
ကိုဝှက်လိုက်ရင်းလှည့်ကြည့်
လာသည်။"သားလေး ရူတင်သွားတော့
မလို့လား??""ဟုတ်တယ် မေမေ အက်ဘူး
ကဘာဘူးလဲဟင်??"မေမေဝှက်လိုက်သည့်ဘူးပုံလေး
ကဘဲဉသဏ္ဌာန်လေးကိုမှခရမ်း
ရောင်လေးမို့ထယ်ယောင်းစိတ်
ဝင်စားမိသည်။ထိုဘူးကိုမေမေ့ဆီမှာတစ်ခါမှ
မတွေ့ဖူးခဲ့ပေ။"ဘာရယ်မဟုတ်ပါဘူးသားရယ်
ကဲ သွားတော့လေ နောက်ကျနေ
မယ်"ဘူးကိုသိမ်းလိုက်သောမေမေက
သွားရန်ပြောလာသည်မို့ထယ်
ယောင်းလည်းဆက်မမေးဖြစ်
တော့ပါ။မေမေ ဘာတွေဖုံးကွယ်ထား
တာလဲ..။အခုတစ်လောမေမေ့ကြည့်ရ
တာထူးဆန်းနေသည်။ထယ်ယောင်းကိုပျောက်သွား
မတက်ဂရုစိုက်ကာကွယ်ရာ
မှာလည်းခနခနငိုတတ်သေး
သည်။တစ်ခါတစ်ခါထယ်ယောင်းကို
ငွေ့ရည်ဖွဲ့တဲ့မျက်လုံးနဲ့ကြည့်
နေတတ်ပါသေးသည်။ထယ်ယောင်းမေမေဘာဖြစ်
နေတာလဲမေးချင်ပေမယ့်
မမေးဖြစ်ခဲ့။မေမေကိုယ်တိုင်ခံစားရသမျှ
ကိုပြောပြလာမှထယ်ယောင်း
နားထောင်မည်ဟုဆုံးဖြတ်
ထားသည်။__________
"ဦးကလေးလေးဘာတွေအတွေး
လွန်နေတာလဲ??"နှုတ်ခမ်းမှာပေနေသည့်ယိုအချို့
ကိုဦးကသုတ်ပေးကာမေးလာ
သည်။ဦးလာကြိုပြီးမနက်စာကိုဦးနဲ့
အတူစားရန်အရင်တစ်ခါလာသည့်
ဆိုင်ကိုထယ်ယောင်းတို့ရောက်နေ
ခြင်းဖြစ်သည်။"ဒီအတိုင်းပါပဲ ဦးရယ်အခုတစ်
လောမေမေကကျတော့်ကိုတစ်
ခုခုဖုံးကွယ်ထားသလိုကြီးခံစား
နေရလို့ စိတ်ထင့်နေတာ"သူငယ်ချင်းလည်းမရှိသည်မို့
ချစ်သူဖြစ်သည့်ဦးကိုသာ
ထယ်ယောင်းရင်ဖွင့်မိသည်။
YOU ARE READING
Age Is Just A Number√
Fanfictionဦး ကလေးကို ပြောခဲ့တဲ့ အပြစ်တင်စကားတွေကို ဦးတစ်ဘဝလုံးနဲ့ဆပ်ခွင့်ပြုပါ //Completed//