Ep-8

9.9K 936 100
                                    


အိမ်ပြန်ရောက်သည်အထိ
တွေးမိတာက ဟိုလူ့ဂွစာဦးလေး
ကြီးက သူ့ကို ဘာ့ကြောင့်
ကမ်းလှမ်းလဲဆိုတာ
သူမသိပေ ။

သူ့အနေနဲ့ ဓာတ်ပုံရိုက်တာ ၊
သရုပ်ဆောင်တာ ဝါသနာပါပေ
မယ့် အခုလို သူအမြင်ကပ်တယ့်
သူဆီမှာလုပ်ရမှာကတော့
အဆင်မပြေဘူးလေ ။

ပြီးတော့ သူ့အလုပ်ရှင်
အမဆူယာကိုလည်း
အားနာသည် ။

အမဆူယာလို
အောင်မြင်တယ့်သူနဲ့
အတူတွဲလုပ်ရမှာ
ပျော်ပေမယ့် တစ်ဖက်ကကျ
ထယ်ယောင်းက အမဆူယာဆီက
ဝန်ထမ်းဘဲလေ ။

" ဆူယာလည်း ရှိပေမယ့် .. ယောင်္ကျားလေးအနေနဲ့မော်ဒယ်
တစ်ယောက်လိုနေတယ် ၊ မင်းကလည်း အဲ့နေ့က သရုပ်
ဆောင်တာ ကောင်းလို့ ငါ ကမ်းလှမ်းတာ အဆင်ပြေမယ်
ဆိုရင် လက်ခံစေချင်တယ် "

ဟူသော ထိုလူကြီးဆီက စကား ... ။

သူ့အနေနဲ့
တက်လမ်းအတွက်လည်း
လက်ခံချင်သလို တစ်
ဖက်ကလည်း နွံဆွဲနေသည်မို့
ခက်လှသည် ။

ထို့ကြောင့် မေမေ ရှိသည့်
အခန်းလေးထဲသို့ သွားလိုက်
ကာ ..

" မေမေ .. အိပ်ပြီလားဟင် "

" မအိပ်သေးပါဘူး သားရယ် .. ‌လာလေ "

ကုတင်ပေါ်က
မေမေ က လှဲနေရာမှ
ကုတင်စောင်းလေးကို
မှီကာ ထိုင်ပြီး
ထယ်ယောင်းအား ခေါ်လျှင်
ထယ်ယောင်း
လည်း မေမေ့ဆီကိုသွားကာ ..

" သားငယ်ငယ်ကတည်းက မေမေ က ဘာမဆို အကြံဉာဏ်
ပေးတတ်လို့လေ .. အခု သားအကြံဉာဏ်လိုနေတယ်
မေမေ "

ထယ်ယောင်း အမေလည်း
ထယ်ယောင်းဆံပင်လေးအား
ဖွကာ ..

" ဆိုစမ်းပါဦး .. သားလေးက ဘာအကြံဉာဏ်တွေလိုချင်
နေတာလဲ ..? "

" သားဒီနေ့ အလုပ်တစ်ခုကမ်းလှမ်းခံရတယ်မေမေ
ဟိုတစ်နေ့က ကြော်ညာ ရိုက်ပေးရတယ့်ဆီကဘဲ သားကို
Brand ambassador ခန့်ချင်တယ်တဲ့ ၊ အက်တာ သား
ဘာဆက်လုပ်ရမလဲမသိလို့ "

" ဒါ လက်ခံသင့်တာပေါ့ သားရဲ့ .. သားက ငယ်ငယ်ကတည်း
က အက်လို သရုပ်ဆောင်တို့ ၊ ဓာတ်ပုံရိုက်တာတို့ ဝါသနာ
ပါခဲ့တာဘဲဟာ ၊ အမေတို့က ဆင်းရဲတော့ သားကို ဓာတ်ပုံ
မရိုက်ပေးနိုင်ခဲ့ဘူး "

Age Is Just A Number√Where stories live. Discover now