Ep-11

9.5K 886 61
                                    


မနက်စောစော
ဂျောင်ကုတစ်ယောက်
ထယ်ယောင်းအိမ်ရှေ့
ရောက်နေသည် ။

ညတုန်းက
ကလေးက အိပ်ချင်မူးတူး
နဲ့သူ့ကို တောင်နှုတ်မဆက်
ဘဲဆင်းသွားသည် ။

သူက
လည်းချစ်လာလို့လား
မသိဘူး ။

ကလေးလုပ်သမျှ
အရာရာအကောင်းအတိုင်း
ဘဲမြင်နေတော့သည် ။

ကလေးကိုချစ်
လာပြီးသည့်နောက်ပိုင်းမှာ
ကလေးအပေါ်လွန်ခဲ့သမျှကို
ပြန်တွေးမိပြီး သက်ပျင်းချရ
သည်မှာလည်းခနခန ။

ကလေးအပေါ်
သူအရမ်းလွန်ခဲ့တာတွေ
တွေးပြီး ကလေးကို
အားနာလာရသလို
တစ်ချိန် ချစ်ကြောင်းဝန်ခံခဲ့
ရင် ကလေးဘက်က
လက်ခံပါ့မလားဆိုပြီး
စိတ်ပူမိသည်။

တွေးနေတုန်း
အိမ်ထဲက ထွက်လာသည့်
အရိပ်လေးကြောင့်
ကားတံခါးဖွင့်ပေး
လိုက်သည် ။

" ရောက်နေတာကြာပြီလားဟင် .. ကျတော် မေမေ့အတွက်
ဟင်းချက်တာနောက်ကျသွားတယ် ဆောရီးပါဗျာ "

ခရမ်းရောင်တီရှပ်လေးကို
ဘောင်းဘီအဖြူလေးနဲ့
တွဲဝတ်ထားပြီး
ဆံပင်ကလည်းအခုမှ
ခေါင်းလျှော်လာပုံရကာ
ဆံပင်လေးက ဖွာလန်ကြဲပြီး
ပါပီစုတ်ဖွားလေးလိုဖြစ်
နေသည် ။

" ရပါတယ် .. မနက်စာမစားရသေးဘူးမှတ်လား
အရင်ဆုံးမနက်စာစားကြတာပေါ့ .. ပြီးမှ ကုမ္ပဏီ
သွားကြမယ် "

" ဟုတ်ကဲ့ .. ဦးလေးကြီး "

အက်ဒီ့
ဦးလေးကြီးဆိုသည့်
နာမည်ကို ခေါ်ခံရတိုင်း
လူက ဘိုးဘွားရိပ်သာသွား
ရတော့မည့်ခံစားချက်လို
ဖြစ်ဖြစ်သွားသည် ။

အသက်လေးမဆိုသလောက်
လေး၁၀နှစ်ထဲကွာတာကို
ဘာလို့ဦးလေးကြီးလို့
ခေါ်မှန်းမသိ
ပေ ။

ချစ်သူဖြစ်မှ
ဦးလို့မရရအောင်
ခေါ်ခိုင်းမည်ဟု
ဂျောင်ကု တွေးထားသည် ။

" ဦးလေးကြီး .. မမောင်းသေးဘူးလား..?! "

" အော် .. အေး မောင်းမယ် "

အောင့်သက်သက်နှင့်
ကားမောင်းနေသော
ဂျောင်ကုကို မသိဘဲ
အပြင်ဘက်ရူခင်းလေးကို
ငေးကြည့်ရင်းပါ
လာသော ထယ်ယောင်းငယ် ။

Age Is Just A Number√Where stories live. Discover now