CHAPTER 62 - I am going to be a father

9.4K 1.8K 282
                                    

Unicode

ကုရှင်ချွမ်းကခွဲစိတ်ခန်းရဲ့မျက်နှာချင်းဆိုင်မှာရှိနေတဲ့ဆိုဖာပေါ်မှာထိုင်နေတယ်။ သူကလက်တွေကိုခေါက်ပီး ဒူးပေါ်မှာတင်ထားတယ်။ သူ့မျက်လုံးတွေကရဲနေပီး ခွဲစိတ်ခန်းကိုပဲစိုက်ကြည့်နေတယ်။

သူ့စိတ်ထဲမှာ စုန့်ရီအဝတ်တွေပေါ်ကမူးမေ့ချင်စရာကောင်းတဲ့သွေးရဲရဲတွေပဲ နေရာအပြည့်ယူထားတယ်။

သူကငယ်ငယ်လေးကတည်းကအရမ်းသတ္တိရှိခဲ့တယ်။ သူဆယ်ကျော်သက်အရွယ်တုန်းကပင်လယ်ထဲဆင်းပီး ငါးမန်းရဲ့အမြှီးကိုတောင် သွားဆွဲရဲတယ်။

သူ့ဘဝမှာပထမဆုံးအကြိမ်အဖြစ်ကြောက်ရွံ့မှုကိုခံစားရတာဖြစ်ပီး ကျေားရိုးတစ်လျှောက်မှာအအေးလှိုင်းဖြတ်စီးနေကာ တစ်ကိုယ်လုံးတုန်ယင်နေတာကိုမထိန်းနိုင်ဖြစ်နေတယ်။

တကယ်လို့စုန့်ရီသာတစ်ခုခုဖြစ်ခဲ့ရင် တစ်ဘဝလုံးသူ့ကိုယ်သူခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။

ရှန်းစစ်ရဲယ်နဲ့ရှန်းတုလဲအလောတကြီးရောက်ချလာတယ်။  ရှန်းစစ်ရဲယ်မျက်နှာက​မီးသွေးလိုမည်းသဲနေပီး ကုရှင်ချွမ်းဆီတည့်တည့်သွားကာ စကားတစ်ခွန်းမဆိုဘဲ ပါးကိုရိုက်လိုက်တယ်။

ဖြန်းခနဲအသံက လူသူတိတ်ဆိတ်တဲ့ ကော်ရစ်ဒါမှာ ပဲတင်သံထွက်လာတယ်။

ကုရှင်ချွမ်းရဲ့မျက်နှာဖြူဖြူပေါ်မှာရဲနေတဲ့လက်ချောင်းရာကြီးပေါ်လာတယ်။ ကုရှင်ချွမ်းရဲ့မျက်နှာကတစ်ဖက်ကိုစောင်းသွားပီး မလှုပ်မရှားပဲရှိနေတယ်။ သူ့ရဲ့ဘေးတစောင်းမျက်နှာကတော့အေးစက်နေတယ်။

ရှန်းစစ်ရဲယ်ရဲ့လက်ဖဝါးကထုံသွားပီး သူကဒေါသတကြီးစိုက်ကြည့်နေတယ် "မင်းကိုငါ့အိမ်ထဲဝင်ခွင့်မပေးလိုက်ခဲ့သင့်ဘူး!"

"ဖိုးဖိုး ဒေါသမထွက်ပါနဲ့" ရှန်းတုကရှန်းစစ်ရဲယ်ကိုဂရုတစိုက် ပြောနေတယ်။

ကုရှင်ချွမ်းခေါင်းငုံ့လိုက်တယ်။ အဖြူရောင်ကြမ်းခင်းကသူ့ခေါင်းပေါ်မှာဖျော့​တော့တော့အလင်းပြန်စေတယ်။ သူ့အမူအရာကတော့ မည်းမှောင်နေတယ် "စစ်ရဲယ် ကျွန်တော်ဒီပြဿနာကိုဖြေရှင်းလိုက်မယ်"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now