အပိုင်း ၁

921 83 0
                                    

"ဒီစာတွေ ရောက်လာပြန်ပြီ "

နယ်မြို့လေး တစ်မြို့ရဲ့ စာတိုက်ပုံးလေးဆီကို ပုံမှန်ရောက်လာတတ်တဲ့ စာလေးတစ်စောင်ဟာ နှစ် တစ်နှစ် ရဲ့ February လ အစ တိုင်း မပျက်မကွက် ရောက်လာတတ်တယ် ။

To. Kim Do Young
စာအိတ်ပေါ်က ရည်ညွှန်း နာမည်လေးကို မြင်တာနဲ့ ကောင်လေးဟာ အထွေအထူး အရေးစိုက်မနေတော့ပဲ အိတ်ကပ် ထဲ ထည့်သိမ်းလိုက်တယ် ။ ဘယ်က ပို့လိုက်သလဲဆိုတာ ကြည့်နေစရာတောင် မလို ။ သူ့အတွက် ဒီစာတွေက ထူးဆန်းမနေတော့ပေ ။

အစကတော့ ဒီစာတွေကို ဘယ်သူက ပို့သလဲ ဘာကြောင့် ပြန်စာမရှိနိုင်တဲ့ စာကို ဇွဲကောင်းကောင်းနဲ့ မပျက်မကွက် ပို့နေရပါသလဲ ။ ပြီးတော့ အင်တာနက် ခေတ်မှာ Mail တစ်စောင် ပို့ဖို့ ဆိုတာ ငှကိပျောသီး စားရတာထက် လွယ်ကူနေပေမယ့် ခက်ခက်ခဲခဲ စာတွေ ရေးပို့နေရသလဲ သူ နားမလည်ခဲ့ပေ ။ အခုထိလည်း နားမလည်သေးပေမယ့် စိတ်မဝင်စားမိတော့ ။

ပန်းဝါဝါလေးတွေ အများကြီးပွင့်တဲ့ လမ်းကြောင်းလေးအတိုင်း စက်ဘီးကို နင်းလာတယ် ။ ရှေ့ခြင်းထဲမှာတော့ စာ တစ်စောင် နှစ်စောင် ရယ် ပန်း တစ်ခက် နှစ်ခက်ရယ် ။
စာတစ်စောင်က သူတို့ နယ်မြို့လေးက ဆရာဝန်လေးအတွက် ရာထူးတိုးနဲ့ အပြောင်းအရွှေ့ စာတစ်စောင် ဖြစ်ပြီး ထိုဆရာဝန် က လွန်ခဲ့တဲ့ တစ်ပတ်ကပဲ မြို့ကို ပြန်သွားခဲ့ပြီ ။ ကျန်တစ်စောင် က တော့ တက္ကသိုလ်တက်ရမယ့် ကလေးတစ်ယောက်ရဲ့ ဝင်ခွင့်စာ ဖြစ်ပြီး ကောင်လေးက အထုတ်အပိုးများပြင် ပြင်ပြီးနေပြီ ။ ပြီးတော့ အဲ့ဒီ ကလေးဟာ သူ ပဲ ဖြစ်တယ် ။

"ဒီလို စာတွေ ထပ်ပို့စရာ မလိုတော့ဘူး "

သဘောတကျ နဲ့ အော်ပြောလိုက်ပြီး စက်ဘီးကို ပိုပြီး ခပ်သွက်သွက် အရှိန်တင်လိုက်တယ် ။ သူ့ လက်နှစ်ဖက်ကို လေထဲကို မြှောက်ထားလိုက်တော့ ပိုပြီးတော့ လွတ်လပ်သွားသလိုပဲ ။
ဒီတေါမြို့လေးမှာ နေထိုင်ရတာ ကိုလည်း သူအနည်းငယ် စိတ်ပျက်နေခဲ့တာ ကြာပြီ ။ တစ်စောင် တစ်နှစ်စောင် တစ်ခါတစ်လေ ဘာမှမရှိတဲ့ စာတိုက်ပုံးဆီကို နေ့တိုင်း အသွားအပြန်လုပ်ပြီး စာပို့သမားလေး လုပ်နေရတာကိုလည်း စိတ်ကုန်နေပြီ ။ ဒီကနေ မုန့်ဖိုးလေး ရနေလို့သာ ။

A letter to someone ( 90s Love)Donde viven las historias. Descúbrelo ahora