Zawgyi - epi 3

33 10 7
                                    

Lee Taeyong က တခြားလူတစ်ယောက် ဖြစ်သွားခဲ့တယ် ။

မယုံကြည်နိုင်လောက်ပေမယ့် နောက်နေ့ မနက်မိုးလင်းတဲ့အခါ Lee Taeyong က တခြားသူတစ်ယောက် တကယ် ဖြစ်သွားခဲ့တာပဲ ။

သူအိပ်ယာက မနိုးခင် အရင်ထပြီး ကျောင်းကိုထွက်သွားတယ် ။ အမြဲတမ်း သူ မနည်းနိုးမှ အိပ်ယာထ တဲ့သူက သူ့ထက်အရင်ထပြီး ထွက်သွားလို့ မျက်နှာလေးတောင် မမြင်လိုက်ရဘူး ။

ကျောင်းထဲမှာလည်း ရှာမတွေ့သလို စာသင်ခန်းထဲလည်း မတွေ့ဘူး ။ စာသင်ချိန် တစ်ချိန်ပြီးတဲ့အထိ သူက စိတ်နဲ့လူက မကပ်ဘူး ။

"Lee Taeyong ကို တွေ့မိသေးလား "

သူငယ်ချင်းတစ်ယောက်ကို မေးတော့ ကလပ်ဘက် သွားတယ်လို့ လက်ညိုးထိုးပြတယ် ။
နောက်ဆုံးတော့ ရှာတွေ့ပြီပဲ ။

သူ့ခြေလှမ်းတွေဟာ ခါတိုင်းထက်ပိုသွက်နေခဲ့တယ် ။ ကလပ် ရဲ့ အခန်းတံခါးနားရောက်တော့ တွေ့ရင် ဘာပြောရမလဲ စိတ်လှုပ်ရှားလို့ ခနရပ်လိုက်မိတယ် ။

"ခ်ခ် "

မိန်းကလေး တစ်ယောက်ရဲ့ ရယ်မောသံ ပြီးတော့ယောက်ျားတစ်ယောက်ရဲ့ စကားသံ ခပ်တိုးတိုး ။ ဘယ်သူလဲ သိတာပေါ့ ။ ဒီအသံလေး ကိုတောင် သူ ဘယ်လောက်တောင်မှ မြတ်နိုးရသလဲ ။
ရင်ခုန်စိတ်လှုပ်ရှားနေရာကနေ တုန်လှုပ်လာတယ် ။ ဒီတံခါးကို သူဆွဲဖွင့်လိုက်ရင် ကြုံတွေ့ရမယ့်အရာက သူ မလိုချင်တာ ဖြစ်နေခဲ့ရင် ဘယ်လိုလုပ်မလဲ ။ တံခါးလက်ကိုင်ကို ဆုပ်ကိုင်ထားတဲ့ သူ့လက်တွေမှာ ချွေးတွေနဲ့ ချွဲနစ်လာပြန်တယ် ။ဘာကိုမှ မပြောရဲ မဆိုရဲတာ မရှိတဲ့ ကင်ဒိုယောင်း ဟာ Lee Taeyong နဲ့ ပတ်သက်ရင် တကဟ်ကိုပဲ အားနည်းလိုက်တာ။ ဒါကိုလည်း သူ့ကိုယ်သူ အားမရပေမယ့် အဲ့ဒီတံခါးကို ဆွဲမဖွင့်ရဲခဲ့ဘဲ  စာကြည့်တိုက်ဘက်ကို ခေါင်းငိုက်စိုက် နဲ့ ထွက်လာဖြစ်တယ် ။ စာအုပ်ထဲမှာ ရီသံကို ကြားရတယ် ။ စကားသံခပ်တိုးတိုးတွေရောပဲ ။

"Lee Taeyong က သောက်ရူးပဲ "

ခပ်တိုးတိုး ကျိန်ဆဲပြီးနောက် စားပွဲပေါ်မှာပဲ မှောက်အိပ်မိတော့တယ် ။ စာအုပ်ထဲက ရီသံတွေ စာအုပ်ထဲက စကားသံတွေကို ထပ်မကြားချင်တော့တာလည်း ပါတယ် ။

A letter to someone ( 90s Love)Where stories live. Discover now