ညနေခင်းတစ်ခုမှာ သူတို့ သူငယ်ချင်းတွေ စုနေကြ ဂီတ ကလပ်ခန်းမှာ Lee Taeyong က ဂစ်တာလေးကို ခပ်သာသာတီးခတ်နေတယ် ။ ပြီးတော့ စာရွက်ပေါ်မှာ တစ်ခုခုကို ရေးခြစ်နေတယ် ။ ညနေတောင် စောင်းနေပြီ ။ နေရောင်ခြည်က မနက်ခင်းလိုတော့ မနွေးထွေးတော့ဘူး ဒါပေမယ့် အရောင်ရင့်ရင့် ဖြာကျနေတဲ့ နေရောင်ခြည် က ပြတင်းပေါက်ကို ဖြတ်ပြီး ဟိုတစ်စ ဒီတစ်စ နဲ့
သူ့ မျက်တောင်ပေါ်မှာလည်း ရှိတယ် ။ ဆံစလေးတွေ ပေါ်မှာရောပဲ ။ ပြီးတော့ ဂစ်တာကို တီးခတ်နေတဲ့ သူ့လက်ချောင်းလေးတွေပေါ်မှာ ပြီးတော့ လေပြေအေးအေးတွေရယ် ဂီတာသံ ခပ်တိုးတိုးရယ် ။ ဒီ အနုပညာလေးကို ငေးကြည့်ခွင့်ရဖို့က
နောက် ဘယ်အချိန်များမှ ပြန်ရမလဲ မသိလို့ ဒိုယောင်း တိတ်တိတ်လေး ငေးမောနေဖြစ်တယ် ။ပြီးတော့ စတွေ့တုန်းက အချိန်ကိုတောင် ပြန်သတိရမိတယ် ။ အဲ့ဒီအချိန်တုန်းကလည်း Lee Tae Yong က ဂစ်တာကို ခပ်သာသာ တီးခတ်နေခဲ့တာ ။ ပြီးတော့ ဒီ ကလပ်ကို အသစ်ရောက်လာတဲ့ သူ့ကို နွေးနွေးထွေးထွေး ပြုံးပြနေခဲ့တာ ။
ညနေက ပိုအေးလာတော့ စိတ်ပူလို့ ဖွင့်ထားပြီးသား တံခါးကို ခပ်သာသာ ခေါက်လိုက်တော့မှ အခန်းဝမှာ ရပ်နေတဲ့ ဒိုယောင်းကို မြင်ပြီး ပြုံးပြတယ် ။
"ဘာလုပ်နေလဲ .. မပြန်သေးဘူးလား "
"အင်း .. ဘာမှ မဟုတ်ပါဘူး "
Lee Taeyong က ရေးလက်စ စာရွက်လေး ကို ကောက်ဖွက်လိုက်တယ် ။ ဘာတွေမို့လို့လဲ ။
"ပြန်ရအောင်လေ .. ငါ စောင့်နေတာ "
"အိုခေ"
ညအချိန်တောင်ရောက်နေပြီ လမ်းမီးတိုင်က မီးကလည်း ညနေအရောင်အောက်မှာ ခပ်မှိန်မှိန်
ခပ်မှိန်မှိန် အလင်းရောက်အောက်မှာပဲ Lee Taeyong ကို ပြောချင်နေတဲ့ စကားတစ်ခွန်း ပြောဖို့ ကြိုးစားရင်း ခပ်အေးအေး ရာသီဥတုမှာ ဒိုယောင်း လက်တွေက ချွေးတွေနဲ့ စိုစွတ်လာတယ် ။"Lee Taeyong "
"ဟမ် !! ဘာလဲ "
ခပ်မှိန်မှိန် အလင်းရောင်အောက်မှာ Lee Taeyong ရဲ့ မျက်ဝန်းတွေက ပိုတောက်ပနေသလိုပဲ ။ မျက်ဝန်းတွေက အရမ်းကျယ်ပြီး ကြည်လင်လွန်းလို့ သူ နစ်ဝင်သွားရပြန်တယ် ဘာပြောရမလဲ မသိတော့ပြန်ဘူး ။
![](https://img.wattpad.com/cover/282916959-288-k947810.jpg)
YOU ARE READING
A letter to someone ( 90s Love)
Fanfictionနှစ်တစ်နှစ်ရဲ့ February လ အစတိုင်း ရောက်လာတတ်တဲ့ စာတစ်စောင် ရှိတယ် ။ ပြန် စရာမလိုတဲ့ စာတွေ ဆိုပေမယ့် မျှော်နေမိတဲ့ စာလေးတွေ ။