အပိုင်း ၅

505 85 11
                                    

"ဒီအိမ်မှာ Lee Taeyong ဆိုတဲ့သူ ရှိလားဗျ"

အိမ်လိပ်စာအတိုင်း ရောက်သွားတော့ သူနဲ့ရွယ်တူ ကောင်လေးတစ်ယောက်ကိုပဲ တွေ့တယ် ။ မျက်နှာက ဂျစ်ကန်ကန်နဲ့ ။

"မရှိပါဘူး"

ထူးဆန်းတယ် နောက်ဆုံး ရောက်လာတဲ့ စာက လပိုင်းလောက်ပဲ ကြာသေးတာမို့ ဒီလိပ်စာအတိုင်းပါပဲ ။

"ဒီအိမ်မှာ နေလာတာ ကြာပြီလား ဗျ "

"မွေးကတည်းက ဆိုပါတော့ "

"aww"

"သားရေ ဘယ်သူလဲ "

အိမ်ထဲကနေ အမျိုးသမီးတစ်ယောက်ရဲ့ အော်မေးသံကို ကြားလိုက်ရတယ် ။

"Lee Taeyong ဆိုတဲ့သူကို လာရှာတာတဲ့
မား အသိထဲ ရှိလား "

"ဘယ်သူ .. "

"Lee Taeyong တဲ့  "

"ဘုရားရေ သူက ဒီကို ဘယ်လိုလုပ် "

အသံပဲ အရင်ကြားရတဲ့ အမျိုးသမီးဟာ Lee Taeyong နာမည်ကို ကြားတော့ အထိတ်တလန့်နဲ့ ပြေးထွက်လာတယ် ။ သူ့ကို အလန့်တကြားကြည့်တယ် ။ ပြီးတော့မှ သက်ပြင်းချတယ် ။ ပြီးတော့ အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ရင်း စိတ်ငြိမ်သွားပုံရတယ် ။

"Lee Taeyong ကို ဘာလို့ရှာတာလဲ "

"ဒီစာတွေကြောင့်ပါ "

စာတွေကိုမြင်တော့ အမျိုးသမီးဟာ တစ်ခနလောက် တုန်လှုပ်သွားဟန်ရှိတယ် ။

"အိမ်ထဲ ခန ဝင်ထိုင်ပါအုံး "

"မထိုင်တော့ပါဘူး ၊ အဲ့ဒီလူ ဘယ်မှာ ရှိနေသလဲ ပြောပါ သွားရှာလိုက်မယ် "

"ခနလေးပါ တကယ် ခနလေး ၊ ပြီးရင် အန်တီကိုယ်တိုင် သူ့ဆီ လိုက်ပို့ပေးပါမယ် ၊ အခု အဲ့ဒီစာတွေရဲ့ ပိုင်ရှင်က ဆက်သွယ်ခိုင်းလိုက်တာလား "

"မဟုတ်ပါဘူး "

"Kim Do Young ရော နေကောင်းပြီး
အဆင်ပြေနေရဲ့လား "

အဲ့ဒီအမျိုးသမီးဟာ ဦးလေးကြီးကိုပါ သိပုံရရင်
ထိုအမျိုးသမီးပဲ ဖြစ်နိုင်တယ်လို့ ချက်ချင်းတွက်ဆမိလိုက်တယ် ။

"လွန်ခဲ့တဲ့ February ကပဲ အလွန်ဆိုးဝါးတဲ့
ဓာတ်မတည့်မှု တစ်ခုကြောင့်ပဲ .... "

A letter to someone ( 90s Love)Where stories live. Discover now