1990.1.31
"ရှာတွေ့ပြီ !! ကင်ဒိုယောင်း "
"ဘယ်သူက ရှာခိုင်းလို့လဲ "
ဘာကိုမှ မသိတဲ့ Lee Taeyong ဟာ တကယ် ဘာမှမသိတတ်စွာပဲ သူ့ရှေ့ကို ရောက်လာပြန်တယ် ။ ပြီးတော့ မောပန်းနေသလိုပဲ ။ ဒီနေရာအထိ ရောက်လာအောင် တော်တော်ရှာခဲ့ရပုံပေါ်တယ် ။
"ငါတောင်းပန်ပါတယ် .. ဒါပေမယ့် "
"ဘယ်သူက တောင်းပန်ခိုင်းနေလို့လဲ "
Lee Taeyong ရပ်နေတဲ့ တံခါးပေါက်ဝကနေ တွန်းထုတ်လိုက်ပြီး တံခါးကို ပိတ်ထားလိုက်တယ် ။ Lee Taeyong က သူတွန်းထုတ်လိုက်တဲ့အတိုင်းပဲ အပြင်ဘက်ကို အလွယ်လေး ရောက်သွားတယ် ။ တံခါးကို ပိတ်လိုက်တော့ ဘာသံမှကို မကြားရတော့ဘူး ။
ဒီက အိမ်တံခါးတွေဟာ အဲ့လောက်ထိ လုံခြုံတာမျိုးတော့ မဟုတ် ။ အပြင်မှာ ဘာဖြစ်နေလဲ အကုန်ကြားနိုင်တဲ့ တံခါးမျိုး ။
"ယောင်း !! "
"......"
စွန့်လွှတ်ပြီး ထွက်ပြေးလာပြီးပြီ ။ တွန်းထုတ်ပြီးတာတောင်မှ လှည့်ထွက်သွားမှာကို စိုးရိမ်နေသေးတာကို စိတ်တိုင်းမကျ ။ ဒါပေမယ့် Lee Taeyong က ယောင်း လို့ ခေါ်တာ ကြားတဲ့အခါ လှည့်ထွက်မသွားသေးဘူးလို့ စိတ်သက်သာမိတယ် ။ ပြီးတော့ ပြုံးမိမလို ဖြစ်သွားတဲ့ စိတ်ကို အမြန်ပြင်ဆင်ရင်း တစ်ယောက်တည်း ထားခဲ့ပြီး
လုပ်စရာမရှိတဲ့ အိမ်အလုပ်တွေ လျှောက်လုပ်ရင်း radio က လာတဲ့ သီချင်းတွေကို တစ်လှည့်စီ နားထောင်နေဖြစ်တယ် ။တစ်ဖြည်းဖြည်း နဲ့ ညနေစောင်းလာတဲ့အထိ သူပိတ်ထားတဲ့ တံခါးကို သူပြန်ဆွဲဖွင့်ဖို့အတွက် သူ့ကိုဟ်သူ မနည်းထိန်းချုပ်ထားရတာ အရမ်း ပင်ပန်းလွန်းတယ် ။
ညနေဟာ မြန်မြန်မှောင်လာတယ် ။ လေအေးအေးတွေဟာလည်း ပိုပြီး ပြင်းထန်လာတယ် ။နွေဦးရာသီ ဆိုပေမယ့် ဒီမြို့လေးမှာက လေးရာသီ အေးစက်နေတတ်တာကို ငတုံးကောင်က သိလောက်မှာ မဟုတ်ဘူး ။ အလိုက်သင့်နေတဲ့ ပူပန်မှုက အလိုလိုဝင်ရောက်လာတယ် ။
"Lee Taeyong "
"..... "
"ပြန်သွားပြီလား "
YOU ARE READING
A letter to someone ( 90s Love)
Fanfictionနှစ်တစ်နှစ်ရဲ့ February လ အစတိုင်း ရောက်လာတတ်တဲ့ စာတစ်စောင် ရှိတယ် ။ ပြန် စရာမလိုတဲ့ စာတွေ ဆိုပေမယ့် မျှော်နေမိတဲ့ စာလေးတွေ ။