Chapter 3

4.5K 618 4
                                    

Unicode

Ch-3 ဘေးနားကအစေခံဆိုး

'' ငါက အဖေနဲ့အမေရဲ့တစ်ဦးတည်းသောသမီးပဲ။ တကယ်လို့ အဖွားကသူတို့ကိုမနှစ်မြို့ရင်တောင်မှ စျာပနအခမ်းအနား
ကိုတော့ ငါမပါဘဲလုပ်မှာမဟုတ်ဘူး။ ငါရောက်လာမှာကိုသေချာပေါက်စောင့်နေလိမ့်မယ်။ မားမားလင် သရေစာနည်းနည်းလောက်သွားပြင်ဆင်ခဲ့... ချဲအာ ရေသွားယူလာခဲ့ ငါကိုယ်လက်သန့်စင်ချင်တယ် '' ဆက်ပြောချင်နေတဲ့ မားမားလင်ကို
မငြင်းဆန်နိုင်တဲ့လေသံနဲ့ပြောလိုက်တယ်။

ဝမ်ချီလင်းရွှမ်နောက်လိုက်ရတာ ဘာကောင်းကွက်မရဘူး။ တစ်ခုတည်းသော
ကောင်းကွက်က ဘယ်လိုဟန်ဆောင်ရမလဲ
ဆိုတာသူမနားလည်လာတယ်။

နှစ်ယောက်လုံးကိုအပြင်ပထုတ်ပြီးသွားတာနဲ့
ယွင်လင်းရွှမ်နူးညံတဲ့ခေါင်းအုံးပေါ်ကို
မှီချလိုက်တယ်။ သူ့ရဲ့ပြန်လည်ရှင်သန်ခြင်း
ကိုတဖြည်းဖြည်းလက်ခံလိုက်ပေမဲ့ အခုဖြစ်ပျက်နေတဲ့အရာတွေကိုတော့ နားလည်ဖို့ခက်ခဲနေတယ်။

တကယ်​တမ်းတော့ မားမားလင်ရဲ့စိတ်ကသူ့အမေဘက်မှာရှိမနေဘူး။ အစကနေအဆုံး
သူကရှန့်ကွမ်မိသားစုကလူပဲ။

အရင်ဘဝတုန်းက သူဝမ်းနည်းပက်လက်
ဖြစ်ပြီး သတိမေ့သွားခဲ့တယ်။ ပြန်သတိရလာတဲ့အခါမှာတော့ မားမားလင်ရဲ့
စကားကိုနားထောင်ပြီး သူ့အမေအလောင်းကို သူ့အဖွားတစ်ခုခုလုပ်လိုက်မှာကိုစိုးရိမ်လို့ မြို့တော်ကိုအမြန်ခရီးနှင်ခဲ့တယ်။ ခရီးလမ်းမှာ စတုတ္ထမင်းသား,ဝမ်ချီလင်းရွှမ်နဲ့ဆုံခဲ့တယ်။ အဲ့ဒါကြောင့်ပဲ သူ့ဘဝတခုလုံး​ပြောင်းလဲခဲ့ပြီး ယွင်မိသားစုတစ်ခုကိုပျက်စီးစေခဲ့တယ်။

ယွင်မိသားစုပျက်ဆီးသွားတဲ့အချိန်မှာ
မားမားလင်က ရှန့်ကွမ်ယန်လန်ရဲ့ဘေးက အထိန်းတော်ဖြစ်လာပြီး တော်ဝင်နန်းတော်ထဲမှာဘယ်သူ့ကိုမှဂရုမစိုက်တဲ့ပုံစံမျိုးနဲ့ ဟိတ်ဟန်ထုတ်နေလောက်ပြီပေါ့။

' မားမားလင်, ရှန့်ကွမ်ယန်လန်, ဝမ်ချီလင်းရွှမ် ဒီဘဝမှာတော့ နင်တို့ကိုအရေခွံစုတ်ပြီး တစစီလုပ်ပစ်မယ်။ အဲ့လိုမှမဟုတ်ရင်
ငါယွင်လင်းရွှမ်မဟုတ်တော့ဘူး '

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now