Chapter 9

3.9K 564 4
                                    

Unicode

Ch-9 ယွင်မိသားစုအိမ်သို့ အပြန်

'' သခင်မလေးယန်အာ..အရင်ကသခင်မက သခင်မလေးကို မမလေးလင်းရွှမ်နားမလာဖို့  ပြောထားတယ်မဟုတ်လား? '' လင်းရွှမ်
ဘာမှတောင်မပြောရသေးဘူး။ မားမားလင်ကအရင်ဒေါသထွက်နေတယ်။

လင်းရွှမ်မျက်မှောင်ကြုတ်လိုက်ပြီး သူ့မှတ်ဉာဏ်တွေထဲမှာ ရှာကြည့်လိုက်တယ်...
အရင်ဘဝကကလေးဘဝတုန်းက သူမငယ်သေးတာကြောင့် မမှတ်မိတာတွေရှိပေမဲ့ သူတချို့ကိစ္စတွေကိုတော့ ​ရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်။

ယန်အာရဲ့မွေးဖွားခြင်းက သူ့မိဘတွေအတွက် ပျော်ရွှင်စရာကိစ္စမဟုတ်ခဲ့ပေမဲ့ သူမအမေက သူ့ကိုယန်အာနဲ့နီးနီးကပ်ကပ်မနေဖို့ တစ်ခါမှမပြောခဲ့ဖူးဘူး။ ယန်အာကကိုယ်လုပ်တော်ဖွားဖြစ်ပေမဲ့လည်း အိမ်မှာဆို လင်းရွှမ်အပေါ်ဆက်ဆံပေးတဲ့အတိုင်း ယန်အာကိုဆက်ဆံပေးကြတာပဲ။ ဒါဟာ သူမ့အမေရဲ့ဂရုတစိုက်လုပ်ပေးတတ်တဲ့ကြိုးစားမှုဖြစ်ပြီး ယန်အာအပေါ်မှာမကျေနပ်တာမျိုးမရှိဘူး။

အရင်ဘဝကသူမ မားမားလင်အရူးလုပ်တာ ခံခဲ့ရတယ်။ ယန်အာနဲ့ရင်းရင်းနှီးနှီးမနေခဲ့သလို သူ့ကိုရှင်းထုတ်ပစ်ဖို့ အမြဲတမ်းကြိုးစားနေခဲ့တာ။ နောက်ဆုံးမှာတော့ သူ့အဘွားပဲယန်အာကို
ကာကွယ်ပေးခဲ့တာ။

အပြင်ပန်းအေးစက်ပြီး နွေးထွေးတဲ့​နှလုံးသားကိုပိုင်ဆိုင်တဲ့သူ့အဘွားကို သူမအရင်ကမမြင်နိုင်ခဲ့ပေမဲ့ ဒီဘဝမှာတော့ လုံးဝလက်မလွှတ်တော့ဘူး။

'' မားမားလင် အမေကအခုမရှိတော့ဘူး။ ဒါကြောင့် အမေ့ကိုလေးစားပါ '' လင်းရွှမ်အေးစက်စွာပြောလိုက်ပြီး ရှေ့ကိုလျှောက်သွားကာ ယွင်လင်းယန်၏သေးငယ်တဲ့လက်လေးတွေကို သူမ့လက်တွေနဲ့ဆုပ်ကိုင်လိုက်ပြီး နူးညံ့စွာပြောလိုက်တယ်။ '' ယန်အာ..မမပြန်လာပြီ! ''

ယွင်လင်းယန် သူမ့အစ်မဖြစ်သူကိုရင်းနှီးချင်ပေမယ့် တစ်ချိန်တည်းမှာပဲ ကြောက်လဲကြောက်နေမိတယ်။ သူမ့​အစ်မအရင်ကလိုပဲ  သူမ့ကိုမနှစ်သက်တဲ့အကြည့်တွေနဲ့ ကြည့်မှာကို သူမကြောက်တယ်။ ဒါပေမဲ့ အခုလို နူးညံ့နေတဲ့အစ်မကြောင့် သူမ့နှလုံးသားလေး
နွေးထွေးသွားတယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now