Chapter 6

4K 553 3
                                    

Unicode

Ch 6- လမ်းကျဥ်းလေး၌ရန်သူနှင့်ပက်ပင်းတိုးခြင်း

''မိန်းကလေးဘယ်ကိုသွားမလို့လဲ? ''
ဝမ်ချီလင်းရွှမ် သူရှေ့ကသိမ်မွေ့နူးညံ့ပြီး ဂရုမစိုက်ဟန်ဖြင့်မိန်းကလေးကို ကြည့်လိုက်တယ်။ ပထမဆုံးအနေနဲ့ သူ့ရဲ့ပုံပန်းသွင်ပြင်ကို သံသယဖြစ်မိသည်။ မိန်းကလေးတိုင်းကသူ့ကိုမြင်တာနဲ့ သူရဲ့ချောမောတဲ့ရုပ်ရည်
ကို စွဲလန်းသွားကြသည်။ သို့ပေမဲဘာလို့သူရှေ့က မိန်းကလေးကတော့ သူ့ကိုရွံရှာသလိုကြည့်နေရတာလဲ? ဒီနေ့ သူ့ပုံစံကတစ်ခုခုများမှားနေလို့လား?

'' သခင်လေး ကျွန်မတို့သခင်မလေးက မြို့တော်ကိုသွားမလို့ပါ '' မားမားလင်
လှည်းအရှေ့ကိုတိုးရင်း ပြုံး၍ဖြေလိုက်၏။

'' အာ..တိုက်ဆိုင်လိုက်တာ ကျွန်တော်လဲ မြို့တော်ကိုသွားနေတာ။ ဒီခရီးကသိပ်မဖြောင့်ဖြူးဘူး။ ကျွန်တော်တို့အတူတူသွားကြရင် မကောင်းဘူးလား? '' ဝမ်ချီလင်းရွှမ်နူးညံ့စွာပြုံးကာ မေးလိုက်တယ်။

'' ဒီအစေခံအိုကြီးက အစေခံသက်သက်ပါပဲ။
မမလေးအတွက် ဝင်မဆုံးဖြတ်ရဲပါဘူး! ''
မားမားလင် နောက်ဆုံးသောအသိစိတ်လေးကိုထိန်းလိုက်ကာ ချက်ချင်းခေါင်းမငြိမ့်ခဲ့ပေ။

'' သခင်လေးကလမ်းကြုံနေတယ်ဆိုတော့လဲ မြို့တော်ကိုအတူတူသွားကြတာပေါ့ ''
လင်းရွှမ် လှည်းအတွင်းကနေပဲ ခံစားချက်မဲ့စွာပြောလိုက်တယ်။ ဒါပေမဲ့
သူမ့မျက်နှာထက်မှာ လှောင်ပြုံးတခု
ရှိနေတာကိုတော့ မားမားလင်လုံးဝသိမှာမသိဘူး။

အရင်ဘဝတုံးက သူမြို့တော်ကို အမြန်ပြန်ခဲ့ရတာကြောင့် မြင်းလှည်းသမားရယ်၊ မားမားလင်နဲ့ချဲအာတို့ပဲခေါ်လာခဲ့တယ်။ လမ်းမှာအခုလိုမျိုးမြင်းထဖောက်တော့ ဘယ်သူ့ကိုအကူအညီသွားတောင်းရမလဲသူမသိခဲ့ဘူး။

သူနဲ့ချဲအာဘာလုပ်လို့ဘာကိုင်ရမှန်းမသိလို့
ငိုနေတဲ့အချိန်မှာပဲ ဝမ်ချီလင်းရွှမ်
ပေါ်လာခဲ့တယ်။ သူက သူမရှေ့မှာ သူရဲကောင်းတစ်ယောက်လိုပေါ်ထွက်လာပြီး
ဒဏ်ရာရနေတဲ့မြင်းကိုကူညီဖို့ သူ့လူတွေကို
ညွှန်ကြားခဲ့ပြီး မြို့တော်ကိုလည်း အတူတူ
သွားခဲ့တယ်။ လမ်းခရီးတစ်လျှောက်မှာလည်း သူ့ကိုယ်သူသူရဲကောင်းလိုမျိုး ပြုမူနေတဲ့အပြင် ဘေးကမားမားလင်ကလဲ
သူဘယ်လောက်ကောင်းကြောင်းကို တတွတ်တွတ်ပြောနေခဲ့တယ်။ သူတို့မြို့တော်ကိုရောက်တဲ့အချိန်ကျမှ
သူ့ရဲ့သရုပ်မှန်ကတော်ဝင်မျိုးနွယ်မှန်းသိခဲ့ရသည်။ အဲ့ဒါကြောင့်ပဲ သူမ သူ့ကိုလေးစားမြတ်နိုးခဲ့ပြီး အဆုံးမှာတော့အဖြစ်ဆိုးနဲ့သာကြုံခဲ့ရတယ်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now