Chapter 8

3.9K 569 3
                                    

Unicode

Ch-8 ဘေးဒုက္ခကိုကျော်လွှားဖို့ ငွေအဆုံးခံရခြင်း

မမလေးပြောတာကို မားမားလင်ကြားလိုက်
ရတဲ့အခါမှာတော့ ငိုချင်သလိုတောင်ဖြစ်သွားတယ်။ သူမကျန်းနန်ကယူလာတဲ့
ပစ္စည်းတွေအကုန်လုံးကို အဲ့အထုတ်ထဲမှာ
ထည့်ထားတာ။ အဲ့ဒါတွေကိုဓားပြတွေဆီ
ပေးလိုက်ရရင် သူ့မှာဘာမှမကျန်တော့ဘူး။

သူမ့အထုပ်ထဲမှာ ငွေလက်မှတ်ရာကျော်လောက်ပဲပါတာမဟုတ်ဘူး။ ရွှေနဲ့လုပ်ထားတဲ့ နားဆွဲတွေနဲ့လက်ဝတ်ရတနာတွေလဲ ပါသေးတယ်။ အဲ့တာတွေရဲ့တန်ဖိုးကလည်းစျေးမနည်းလှဘူး။

လင်းရွှမ်ရဲ့အမိန့်အောက်မှာပဲ လူတိုင်းလိုလို
သူတို့ရဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေကို ထုတ်ကြသည်။ ဝမ်ချီလင်းရွှမ်ကိုတော့သူမလှည့်ကြည့်မနေဘူး။ ဘာလို့ဆိုတော့ သူများကိစ္စကိုသူမစိတ်မဝင်စားဘူး။

'' ဒါတွေအားလုံးက ကျွန်မတို့ပစ္စည်းတွေပဲ
ရှင်တို့ဒါတွေယူသွားပြီးရင် ကျွန်မတို့ကို
လွှတ်ပေးပါ '' လင်းရွှမ်ပြတ်ပြတ်သားသား​ပြောကာ  ပစ္စည်းတွေဆုံးရှုံးသွားပေမဲ့
မျက်နှာပေါ်မှာမူမမှန်တာမျိုးလုံးဝမရှိဘူး။

'' မင်းတို့ကရော? '' တုတ်တုတ်မလှုပ်တဲ့
လူအုပ်စုကိုကြည့်ပြီး ဓားပြခေါင်းဆောင်ကသုန်မှုန်စွာမေးလိုက်သည်။

'' သူကကျွန်မတို့နဲ့တစ်ဖွဲ့တည်းမဟုတ်ဘူး။ ငွေလိုချင်ရင် သူ့ဆီကတောင်းလိုက်ပါ။
ကျွန်မတို့ငွေလဲပေးပြီးပြီ... ကျွန်မတို့ကို လွှတ်ပေးပါ '' လင်းရွှမ်စိတ်လှုပ်ရှားခြင်း
မရှိဘဲတည်ငြိမ်စွာ ပြောလိုက်တယ်။

လင်းရွှမ်ကြောင့် မူလကရှိနေတဲ့
စိတ်ပူပန်မှုတွေပျောက်သွားတယ်။ ယွင်လင်းရွှမ်ရဲ့အစီအစဥ်ကြောင့် ဝမ်ချီလင်းရွှမ်လဲရွေးချယ်စရာမရှိဘဲ သူ့မှာပါလာတဲ့ငွေလက်မှတ်တွေကို ဓားပြတွေလက်ထဲပေးလိုက်ရတယ်။

မသက်မသာဖြစ်နေတဲ့ ဝမ်ချီလင်းရွှမ်ရဲ့
မျက်နှာကိုကြည့်ပြီး လင်းရွှမ်အဓိပ္ပါယ်ပါပါပြုံးကာ လှည်းထဲကိုပြန်ဝင်လိုက်သည်။ အဲ့ဒီနောက်ခရီးဆက်ဖို့လူတွေကိုအမိန့်ပေးလိုက်သည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now