Chapter 7

3.8K 552 4
                                    

Unicode

Ch-7 အစေခံဆိုးအတွက်အပြစ်ဒဏ်

'' မင်းတို့အကုန်လုံးထကြစမ်း! '' ရုတ်တရတ် ကျယ်လောင်တဲ့အသံတစ်သံက အေးချမ်းနေတဲ့ပတ်ဝမ်းကျင်ကို ဖြိုခွဲလိုက်သည်။ သူတို့ကိုဓားတွေကိုင်ဆောင်ထားတဲ့လူတွေ ဝိုင်းထားတာမြင်လိုက်ချိန်မှာတော့ လူတွေအားလုံးထိတ်လန့်သွားကြသည်။ ဒါဓားပြတိုက်ဖို့ကြံရွယ်နေကြောင်းကို လူတိုင်းရိပ်မိလိုက်ကြပြီး ကြောက်လန့်တကြားဖြစ်ကုန်ကြ၏။ '' ပါသမျှပစ္စည်းတွေ အကုန်ထုတ်စမ်း! မင်းတို့အားလုံးမဟုတ်တာလုပ်လို့ကတော့ ငါ့လက်ထဲက ဓားကလဲမျက်လုံးမပါဘူးနော်... ငွေကထပ်ရှာလို့ရပေမယ့် အသက်ကတော့ ထပ်မရဘူး!! ''

'' မမ..မမလေး သူတို့ကဓားပြတွေ! ''
မားမားလင် တုန်လှုပ်စွာပြောရင်း လှည်းနားကိုကပ်လာတယ်။ ချဲအာကတော့
အကြောက်လွန်ပြီး မတ်တပ်တောင် ကောင်းကောင်းမရပ်နိုင်တော့ဘူး။

'' သူတို့ကို ပစ္စည်းတွေပေးလိုက် '' လင်းရွှမ်
နှစ်ခါတောင်မတွေးဘဲ ပြောလိုက်တယ်။

'' မမလေး အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ?
ကျန်းနန်ကနေပစ္စည်းတွေအများကြီးယူလာခဲ့တာ... အခုသူတို့ကိုပေးပစ်လိုက်ရင် မြို့တော်ရောက်ရင် လူတွေကိုဘယ်လို ရှင်းပြကြမလဲ? '' မားမားလင်ကချက်ချင်းကိုဝင်ကန့်ကွက်သည်။ ဒါ့အပြင် သူတို့မှာပါလာတဲ့ပိုက်ဆံတွေဘယ်လောက်များကြောင်းကိုပါထုတ်ပြောလိုက်ပြီး သူ့အပြောကြောင့်ဓားပြတွေက ပိုပြီးစိတ်လှုပ်ရှားသွားကြသည်။

'' သွားယူပြီး သူတို့ကိုပေးလိုက် '' လင်းရွှမ် ​လှောင်ပြုံးနဲ့အတူပြောလိုက်တယ်။ မားမားလင်ဘာတွေးနေလဲဆိုတာ သူမနားလည်တယ်။ '' အဲ့ပစ္စည်းတွေက ဒီမမလေးပိုင်တာ။မားမားလင် အဲ့လောက်ထိစိုးရိမ်နေစရာမလိုဘူး။ ပေးသာပေးလိုက် လူ့အသက်ကပိုအရေးကြီးတယ်! ''

'' မမလေး..'' မားမားလင်ကတော့ဆက်ပြီးကန့်ကွက်နေသေးတယ်။

'' စကားတွေအများကြီးပြောမနေနဲ့။ မင်းတို့ပစ္စည်းတွေမပေးရင် ​တစ်ယောက်မှ
ဒီနေရာကထွက်မသွားရဘူး! '' ဓားပြခေါင်းဆောင်က ရက်စက်ကြမ်းကြုတ်သည့်မျက်နှာဖြင့် မောက်မာစွာအော်ပြောသည်။

The Ultimate Business Lady [Myanmar Translation ]Where stories live. Discover now