CHAPTER 64 - Face to face

10.1K 1.7K 214
                                    

Unicode

ရှန်းစစ်ရဲယ်ဘာတွေပဲတွေးနေနေ အရေးမကြီးဘူး။ စုန့်ရီက ယုံကြည်အပ်နှင်းထိုက်တန်သူ ဟုတ်မဟုတ်ကိုခွဲခြားသိနိုင်တယ်။

အဲ့ဒီအပြင် သူက Alpha တစ်ယောက်ဖြစ်ခဲ့တယ်။ တစ်​ယောက်ရဲ့ဘဝကိုတစ်ယောက်ရဲ့လက်ထဲ အရဲစွန့်ပီးအပ်နှင်းလိုက်ရတဲ့ကိစ္စမှာ နှစ်ဦးနှစ်ဖက်လုံးကအရေးကြီးပီး အတူတူဆက်နေထိုင်ဖို့အတွက် တစ်ယောက်နဲ့တစ်ယောက်ယုံကြည်အားထားရမယ်။

ရှန်းမိသားစုကုမ္ပဏီက သွင်းကုန်ပို့ကုန်ကုန်သွယ်ရေးလုပ်ငန်းတစ်ခုဖြစ်တယ်။ အခုနှစ်တွေမှာမူဝါဒတွေပြောင်းလဲပစ်ပီး အဲ့ဒီနယ်ပယ်နှစ်ခုပေါ်မှာလဲသက်ရောက်မှုအနည်းငယ်ရှိတယ်။ လွန်ခဲ့တဲ့တစ်နှစ်နှစ်နှစ်အတွင်းမှာ အခြေအနေတွေကဆိုးရွားပီး ပို့ကုန်တင်သွင်းရေးလုပ်ငန်းကခက်ခဲခဲ့တယ်။ ဒါပေမဲ့ဆင်ပိန်တာကျွဲလောက်ရှိဆိုသလိုပဲ ရှန်းမိသားစုရဲ့ကံကြမ္မာက မျိုးဆက်ပေါင်းများစွာ စားဖို့ သောက်ဖို့ သုံးစွဲဖို့ လုံလောက်တယ်။

မနက်စောစောတစ်ခုမှာ ရှန်းစစ်ရဲယ်ကစုန့်ရီကိုကုမ္ပဏီမှာလျှောက်ကြည့်ဖို့ ခေါ်ခဲ့ရန် ဦးလေးလျိုကိုပြောထားတယ်။ ဒီနေ့မှာရှယ်ယာရှင်အစည်းအဝေးလဲရှိနေပီး အနာဂတ်မှာစုန့်ရီကပြောရေးဆိုခွင့်ရှိတဲ့သူတစ်ယောက်ဖြစ်လာမယ်ဆိုတာကို ပေးသိစေချင်တဲ့ရည်ရွယ်ချက်လဲပါတယ်။

ရှန်းတုကကုမ္ပဏီအပေါက်ဝမှာစောင့်နေတယ်။ စုန့်ရီကို​မြင်တော့ ရှန်းတုရဲ့မျက်နှာအမူအရာကမူမမှန်ဖြစ်သွားပီး ခက်ဖွဖွချောင်းဟန့်တယ် "မင်းမနက်စာစားပီးပီလား?"

စုန့်ရီကတည်တည်ငြိမ်ငြိမ်ပဲခေါင်းညိမ့်ပြတယ်။ ရှန်းတုကဒီကာလတွေအတွင်းမှာ နေ့တိုင်းသူကိုရှောင်နေတာ အိမ်လဲပြန်မလာရဲဘူး။ ဒီနေ့ကတော့ လုံးဝရှောင်လွှဲလို့မရလို့သာနှစ်ယောက်သားတွေ့ရခြင်းဖြစ်တယ်။

သူတို့နှစ်ယောက်က ဓာတ်လှေကားထဲကို ဘေးချင်းယှဥ်ဝင်သွားတယ်။ ဓာတ်လှေကားအတွင်းဘက်မှာကြည်လင်နေတဲ့မှန်တွေနဲ့ကာရံထားတာဖြစ်တယ်။ ထိုမှသာအလုပ်သမားတွေက ဘယ်အချိန်မှာမဆိုသူတို့ရဲ့ရုပ်ရည်သွင်ပြင်ကိုသပ်သပ်ရပ်ရပ်ပြုပြင်ရတာ​လွယ်ကူ​မှာဖြစ်တယ်။ ဒီလိုတောက်ပပီး ပွင့်လင်းတဲ့ပတ်ဝန်းကျင်က လေထုကိုပိုပီးရှက်စရာကောင်းစေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now