CHAPTER 65 - I like you too

8.7K 1.6K 169
                                    

Unicode

သူတို့အိမ်ပြန်တော့နောက်ကျနေပီဖြစ်ပီး မီးတွေလဲလင်းနေပီဖြစ်တယ်။ ဒီအချိန်မှာ ယာဥ်အသွားအလာတွေလဲများတယ်။ စုန့်ရီကားနောက်ခန်းထဲမှာထိုင်နေပီး ​ကားမှန်မှာခေါင်းလေးမှီကာ အပြင်ကလမ်းသွာလမ်းလာတွေက်ုကြည့်နေလိုက်တယ်။

သူတို့အိမ်အပေါက်ဝကိုရောက်တော့ ကားမောင်းနေတဲ့ဦးလေးလျိုကစကားပြောဖို့​တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတယ်။ နောက်ဆုံးမှာတော့ သူထိန်းမထားနိုင်တော့ဘူး။ သူကစုန့်ရီကိုနောက်ကြည့်မှန်ကနေတဆင့် ပြုံးပြလိုက်တယ် "သခင်လေး နဲ့သခင်လေးကုက..."

စုန့်ရီမျက်ခုံးကပြေလျော့သွားပီး နှူတ်ခမ်းကကွေးသွားတယ် "ကျွန်တော်တို့ကဘာဖြစ်လို့လဲ?"

ဦးလေးလျိုကချောင်းဟန့်လိုက်တယ် "ဒီနေ့ကိစ္စကိုစစ်ရဲယ်ကိုပြန်မပြောပါဘူး"

"ကျေးဇူးတင်ပါတယ် ဦးလေးလျို" စုန့်ရီအံ့ဩသွားတယ်။ ဦးလေးလျိုကစစ်ရဲယ်​နောက်လိုက်အဖြစ်နေခဲ့တာ နှစ်ပေါင်းဆယ်ချီနေပီဖြစ်တယ်။ ရှန်းစစ်ရဲယ်ရဲ့လူယုံတော်ကဒီကိစ္စကိုကွယ်ဝှက်ထားပေမယ်ဆိုတာ တကယ်မျှော်လင့်မထားတာကြီးဖြစ်တယ်။

ဦးလေးလျိုကသက်ပြင်းချလိုက်ပီး ဝမ်းနည်းနေတဲ့အသံနဲ့​ပြောလာတယ် "စစ်ရဲယ်ကသူ့လက်အောက်မှာလူရာချီနဲ့ ကုမ္ပဏီရဲ့နံပါတ်တစ်ဖြစ်ခဲ့တာ သူကနေ့ရောညရော အလုပ်မှာပဲနှစ်မြှုပ်ထားခဲ့တာ အခု​အသက်ကြီးလာတော့ အိမ်မှာပဲတစ်ယောက်တည်းပျင်းပျင်းရိရိနေနေရတော့တာ သူကအငယ်လေးတွေတစ်ယောက်ပီးတစ်ယောက်ကြီးပြင်းလာတာကိုပဲကြည့်နေနိုင်တော့တယ် သူဘယ်လောက်မသက်မသာဖြစ်နေလဲ ကျွန်တော်သေချာသိတယ်"

စုန့်ရီရှန်းစစ်ရဲယ်လိုလူတွေအကြောင်းက်ုသေချာသိတယ်။ သူတို့တွေကငယ်ရွယ်တုန်းမှာ သူတို့တွေကအကြံဉာဏ်တွေပေးကြပီး အသက်ကြီးသွားတဲ့အခါမှာ လက်ဖက်ရည်လေးသောက်လိုက် ပန်းပင်လေးစိုက်လိုက်လုပ်လေ့ရှိတယ်။ သူတို့ဖြစ်ချင်တဲ့ဆန္ဒတွေကိုတော့ ဂျူနီယာလေးတွေကိုလွှဲအပ်လိုက်တယ်။

ဦးလေးလျိုကပြောတယ် "စစ်ရဲယ်ကသခင်လေးကုကိုမုန်းလို့တော့မဟုတ်ပါဘူး စိတ်ထဲထိမှတ်မ​ထားပါနဲ့"

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now