CHAPTER 66 - Owe to clean up

8.5K 1.6K 141
                                    

Unicode

ကုရှင်ချွမ်းအသက်ရှူအောင့်လိုက်မိပီး လေထုကမိနစ်ဝက်လောက်တိတ်ဆိတ်သွားတယ်။

သူ့အသံကအနည်းငယ်အက်နေတယ် "မင်းငါ့ကိုစနေတာလား?"

စုန့်ရီဖွဖွလေးပြုံးလိုက်တယ်။ ကုရှင်ချွမ်းကအမြဲတမ်းလိုလိုသူ့ကိုစလေ့ရှိတယ်။ ကြည့်ရတာ အရာရှိတွေကပဲမီးမွှေးလို့ရပီး သာမန်လူတွေက​မီးထွန်းဖို့တောင်ခွင့်​မပြု​တဲ့ပုံပေါက်တယ် "ငါမင်းကိုစတော့ရောဘာဖြစ်လဲ?"

"ရိုက်ပစ်မယ်" ကုရှင်ချွမ်းကခနရပ်လိုက်ပီး ပြတ်ပြတ်သားသားပြောလာတယ် "မင်းဘာမှာလဲ ငါမင်းကိုလာရှာမယ်"

စုန့်ရီသူဘာလုပ်ချင်လဲဆိုတာကိုသိတယ်။ တွဲလာတာကြာပီဆိုတော့ နားထောင်လိုက်ရုံနဲ့ဘာဖြစ်ချင်နေလဲဆိုတာကို ​ရှင်းရှင်းလင်းလင်းသိတယ်။ သူကအရေးကြီးတာကိုရှောင်ပီး ပြောလိုက်တယ် "ငါခနနေရင်အိမ်ရောက်တော့မှာ ငါ့ကိုလိုက်ပို့ပေးစရမလိုတော့ဘူး"

သူပြောပီးတာနဲ့ဖုန်းကိုချက်ချင်းချလိုက်တယ်။ သူနှုတ်ခမ်းအစွန်းတွေကမထိန်းနိုင်ပဲ​အလိုလိုကော့တက်နေတယ်။ သူ alpha ဖြစ်ခဲ့တုန်းကဒီလိုစကားတွေကိုသူချစ်သူလေးတွေကိုပြောခဲ့ဖူးတယ်။ ကြင်နာမှုရှိတယ် ဆွဲဆောင်မှုရှိတယ် ပညာသားပါတယ် ဒါပေမဲ့သူတစ်ကြိမ်တစ်ခါမှဒီလိုနှလုံးခုန်နှုန်းမျိုးမရှိခဲ့ဘူး။

ဒီတစ်ကြိမ်တော့သူတကယ် right person ကိုရှာတွေ့ခဲ့​ပုံပေါ်တယ်။

ဒီလိုမျိုးဆွဲဆောင်ခံလိုက်ရတာတကယ်ယုတ္တိမကျဘူး။ သူတို့ဆယ်ကျော်သက်အရွယ်မှာ ရှန်းလီအတွက်နဲ့တစ်ယောက်နဲ့တစ်ယောက်မုန်းကြ အစွယ်ပြကြ ရှောင်ကြ ရန်ဖြစ်ကြနဲ့။ နှစ်ပေါင်းများစွာကြာပီးတဲ့နောက်မှာအခုလိုမျိုးဖြစ်လာတယ်ဆိုတာကကယ်ကိုမမျှော်လင့်ထားတဲ့အရာဖြစ်တယ်။

စုန့်ရီမေးကိုထိပီး အထက်တန်းတုန်းကအကြောင်းတွေကိုပြန်တွေးလိုက်တယ်။ တကယတမ်းကျတော့လဲ ကုရှင်ချွမ်းကဆိုးဆိုးရွားရွားတွေလုပ်ခဲ့တာမဟုတ်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက်အရှက်ရဖို့လက်​သီးလက်မောင်းတန်းပီးဖြေရှင်းခဲ့တာလဲမဟုတ်ဘူး။ မူလတန်းကျောင်းသားလေးတွေလူပ်လေ့ရှိတဲ့စနောက်မှုလေးတွေပဲဖြစ်တယ်။ ဒါတွေကပြန်တွေးရင်ရီချင်စရာ​တွေပဲဖြစ်တယ်။ တစ်ခြားသူတွေကိုနင်း​ချေဖို့ကုရှင်ချွမ်းကကုရှောင်ယွမ်ရဲ့နာမည်ကိုတစ်ခါမှမသုံးခဲ့သလို သူကလဲကုရှင်ချွမ်းကိုချမ်းသာတဲ့သခင်ငယ်လေးတစ်ယောက်လို့လုံးဝမမြင်ခဲ့ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now