CHAPTER 67 - Annual Drama

8.1K 1.6K 91
                                    

Unicode

အပြာရောင်ဖျော့ဖျော့စတူဒီယိုကနွေးထွေးပီး တိတ်ဆိတ်တယ်။ စင်အောက်မှာ ထိုင်ခုံးလေးတန်းရှိနေပီး ပရိသတ်တွေနဲ့ပြည့်နေတယ်။ host ကရိုးရှင်းတဲ့ VCR introduction တစ်ခုပြသတယ်။ ကျောက်ဟုန်းရန်ကမျက်ရည်ပြည့်နေတဲ့မျက်လုံးတွေနဲ့ဓာတ်ပုံအယ်လ်ဘမ်လေးတစ်ခုကိုင်ထားတယ်။ စုန့်ရီငယ်ဘဝပုံကိုတည်းဖြတ်ထားပီး ပုံပေါ်မှာစကားလုံး​အပါးလေးဖုံးထားပေမဲ့ ဒါကစုန့်ရီဖြစ်မှန်းလူတိုင်းပြောနိုင်တယ်။

ကျောက်ဟုန်းရန်ကစုန့်ရီကိုမမုန်းဘူး။.ဒါပေမဲ့ပွင့်ပွင့်လင်းလင်းကြီးချပြတာကျ​တော့လဲ လူသားသဘာဝအရ အနည်းငယ်အပြစ်ရှိသလိုခံစားရလို့ဖြစ်တယ်။ သူမကြောင့်သာမဟုတ်ရင် စုန့်ရီကနဂိုတည်းကကောင်းမွန်တဲ့ဘဝမှ​နေရမှာဖြစ်တယ်။ ဒါပေမဲ့အခုချိန်မှာသူမဘဝကအတော်လေးကြမ်းတမ်းနေတယ်။ တကယ်လို့သူ့မှာ ယွမ်ငါးသန်းမရှိရင် ထောင်ထဲသွားရလိမ့်မယ်။ သူ့ဘဝသက်တမ်းအများစုမှာ ကောင်းတာတွေမှာပဲသာယာကြည်နူးတတ်တဲ့သူမလိုလူမျိုးက တက်တက်ကြွကြွမနေရဘဲ ထောင်ထဲမှာဆယ်နှစ်လောက်အချိန်ကုန်ဆုံးရတာက သူမကိုသတ်လိုက်တာနဲ့အတူတူပဲဖြစ်တယ်။

အဲ့ဒီအပြင် သူမမှာရှန်းလီရှိသေးတယ်။ သူမသာထောင်ထဲရောက်သွားရင် ရှန်းလီကပူပူနွေးနွေးစားစရာလေးတွေစားသောက်နိုင်တော့မှာမဟုတ်ဘူး။

ကျောက်ဟုန်းရန်ကသူမကလေးအတွက် စုန့်ရီဆီကယွမ်းငါးသန်းတောင်းဖို့ စိတ်ကိုပြင်ဆင်လိုက်တယ်။ သူမအရှက်မဲ့စွာနဲ့ပဲ ငွေတောင်းရတော့မယ်။

သူမသေသေချာချာတွက်ချက်ထားတယ်။ စုန့်ရီစိတ်သဘောထားကအရမ်းနားလည်ပေးနိုင်တယ်။ မျက်နှာကောင်းရှိပီး ညင်သာတယ်။ တကယ်လို့ဒီကိစ္စကိုသာကြီးကြီးမားမားဖြစ်အောင်လုပ်လိုက်ရင် စုန့်ရီကနာနာခံခံနဲ့ပဲ သူ့မျက်နှာအဖက်ဆယ်ဖို့ပိုက်ဆံပေးလိမ့်မယ်။

ဒီနှစ်တွေအတွင်းမှာ စုန့်ရီကိုဘယ်လိုကျောင်းပို့ခဲ့ရကြောင်း ​ငွေတွေစုပီးကောလိပ်ပို့ခဲ့ရကြောင်း စသည်ဖြင့်ကျောက်ဟုန်းရန်ကငိုယိုပီးပြောနေတယ်။ စုန့်ရီကိုသူတို့အတန်းဖော်တွေရှိသင့်တာမှန်သမျှကိုသူမ,ထောက်ပံ့ခဲ့ကြောင်း ဘယ်တော့မှမျက်နှာမငယ်ရအောင်​ထားခဲ့ကြောင်း စုန့်ရီကတော့မျက်လုံးဖြူမြေခွေးတစ်ကောင်သာဖြစ်ကြောင်း ပြောနေတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now