CHAPTER 68 - Take care

8.9K 1.5K 85
                                    

Unicode

စုန့်ရီအံ့အားသင့်သွားတယ်။ သူ့နှလုံးသားကလဲ ပျားတုပ်ခံရသလိုထုံကျင်သွားတယ်။ ကုရှင်ချွမ်းကသူပြောခဲ့တာတွေကို သတိတရရှိနေခဲ့တာပဲ။

"အာ့ကြောင့်မို့..." ကုရှင်ချွမ်းကစုန့်ရီမျက်လုံးတွေကိုစိုက်ကြည့်ပီး တိုးတိုးလေးပြောတယ် "မင်းငါ့ကိုဘယ်လိုမျိုးဖြစ်စေချင်လဲ ချန်းစုန့်လိုလား ဒါမှမဟုတ်ကျိုမော့ချွင်လိုလား ငါသူတို့လိုဖြစ်သွားရင် မင်းငါ့ကိုထားမသွားတော့ဘူးမလား"

ဘယ်လိုပဲဖြစ်ဖြစ် သူအခုပုံစံနဲ့တော့မရတော့ဘူး။ ဒါကရှန်းစစ်ရဲယ်သူ့ကိုပြောခဲ့တာဖြစ်တယ်။ သူကသူ့ကိုပြောင်းလဲစေချင်တယ်။ ရင့်ကျက်တည်ငြိမ်စေချင်တယ်။ သူ့ကိုယုံကြည်ထိုက်တဲ့ပုဂ္ဂိုလ်မျိုးဖြစ်​လာစေချင်တယ်။

ဒီအကြောင်းကိုသူတွေးလိုက်ရုံနဲ့တင် စိတ်မသက်မသာဖြစ်ရတယ်။

အဲ့ဒီနာမည်နှစ်ခုကသူတို့နှစ်ယောက်ဆက်ဆံရေးနဲ့ဘာသက်ဆိုင်မှုမှမရှိဘူး။ စုန့်ရီစိတ်ထဲမှာသက်ပြင်းချလိုက်တယ်။ တကယ်လို့ကုရှင်ချွမ်းကချန်းစုန်လိုဖြစ်သွားမယ်ဆိုရင် ကုရှင်ချွမ်းကကုရှင်ချွမ်းမဟုတ်တော့ဘူး။ ကြည့်ရတာ ဒီကလေးကိုဒီလိုမျိုးဖြစ်ဖို့ ရှန်းစစ်ရဲယ်ကအတင်းတွန်းအားပေးထားပုံရတယ် "ငါမင်းကို​ချန်းစုန့်လဲမဖြစ်စေချင်သလို ကျိုးမော့ချွင်လဲမဖြစ်စေချင်ဘူး"

ကုရှင်ချွမ်းရဲ့မျက်လုံးတွေကမျက်တောင်မခတ်ဘူး။ သူကမျက်လုံးလေးကိုနည်းနည်းမှေးကျဥ်းလိုက်တော့ မျက်တောင်နက်နက်လေးတွေက လခြမ်းလေးတွေလိုကွေးသွားတယ်။

စုန့်ရီနက်နက်ရှိုင်းရှိုင်းမခံစားရပေမဲ့ သူ့ကိုသံသယပျောက်စေဖို့အလေးအနက်ထားပြောလိုက်တယ် "ငါတို့စတွေ့ကတည်းကနေ အခုချိန်ထိ မင်းကဘယ်လိုလူမျိုးလဲဆိုတာငါသေချာသိတယ် ငါမင်းကိုပြောင်းလဲခိုင်းဖို့တစ်ခါမှမတွေးခဲ့ဖူးဘူး ငါမျှော်လင့်တာက ငါတို့အတူတူအသက်တွေကြီးသွားပီး ဖခင်ကောင်းတစ်ယောက်ဖြစ်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာကိုအတူတူလေ့လာဖို့ပဲ"

ချန်းစုန့်ကကောင်းပါတယ်။ ဒါကိုစုန့်ရီမငြင်းဆန်ဘူး။ လူမှုအသိုင်းအဝိုင်းမှာအကောင်းဆုံးလူကို vote ပေးပါဆို စုန့်ရီသေချာပေါက်ချန်းစုန့်ကို vote ပေးလိမ့်မယ်။ ဒါပေမဲ့ သူနဲ့ချန်းစုန့်တွဲလို့ရမယ်ဆို လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်ရာလောက်ကတည်းကတွဲပြီးသွားလောက်ပီ။ ဒီလိုမျိုးမိတ်ဆွေသူငယ်ချင်းဆက်ဆံရေးရှိနေမှာတောင်မဟုတ်ဘူး။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now