ထိုစကားကြောင့် ခင်မမလည်း အနည်းငယ် ရှက်သွေးဖြာသွားတော့သည်။
"အာ..မဟုတ်လောက်ပါဘူး ယုရယ် "
"မမ မယုံရင် စောင့်ကြည့်နေ"
"နေပါအေ..." ဟု ပြောရင်း ရှက်ရှက်နှင့်ထွက်သွားသော ခင်မမ ကို ကြည့်ရင်း ယု လည်း တွေးနေမိ၏။
"ဒီအပျိုကြီးကတော့ ငါမြင်ယောင်တယ်"
ထိုနေ့ ည ဥဥ ဆီ ဖုန်းခေါ်နေသူမှာ နိုနိုပင်၊ ဥဥ လည်း ဖုန်းကို ဘေးတွင်ချကာ သူမရဲ့ laptop ကို ဖွင့်ကာ အလုပ်များနေတော့သည်။
"ဟဲ့ နိုနို ...နင် ဟယ် ငါကို အလုပ်လုပ်ခွင့်ပြုပါဦး "
"လုပ်မနေနဲ့ သေရင် ကိုယ်နောက်မပါဘူး"
"အော်..အေးအေး ဒါဆို နင်လည်း နင် ကလေးတွေကို စာသွားမသင်ပေးနဲ့"
"ဖြစ်ရတယ် ...ငါကလစာယူထားပြီသားမို့ဟဲ့ ၊ မနက် ဆယ်တန်း ကောင်မလေးတစ်ယောက်ကို စာသင်ရဦးမှာမို့ မဟုတ် နင်ဆီ ငါလာအိပ်တယ်"
"နေပါဟယ်...ငါမေးပါဦးမယ် နိုနို နင်ကို "
"အေး.."
"နင်တကယ်ကြီးလား"
"ဘာကိုလဲ"
"ငါဘေးအိမ်က လေဒီကိုလေ" ဟု ပြောရင်း ဖုန်းကိုင်လိုက်တော့၏။
"နင်သိပါတယ် ဥဥရာ...ငါ မင်းသမီးတွေကို သဘောကျဖူးတာက လွဲရင် ခင်က ပထမဆုံးပဲ"
"အောင်မလေး ခင် တဲ့ လား"
"ငါ့ကောင်မလေး ဖြစ်လာရင် အဲလို ခေါ်မှာ အားးး"
"ဟဲ့ ဘာဖြစ်တာလဲ ..."
"ငါ သူ့ facebook အကောင့်ရှာတွေ့ပြီ...ဟဲ့ single တဲ့ single"
"နိုနို နင် နေ့ခင်းကတည်းက ရှာနေတာလေ...အခုထိပဲလား"
"အေးလေ ..ဒါပေမဲ့ မလျော့သောဇွဲကြောင့် အခုပဲ ရှာတွေ့ခဲ့ပြီး..ဟယ် profile ပုံလေးက လှလိုက်တာ ၊ ငါ သူဆံပင်လေးတွေကို သိပ်သဘောကျတာပဲ "
"အေးလေ နင်သဘောကျလဲ ကျချင်စရာပါပဲ...သူဆံပင် အုံ တော်တော်ထူတာနော် "
ထိုစဉ် ကားဟွန်းတီးသံကြားလိုက်ရတာကြောင့် ဥဥ လည်း အပြင်ကို ကြည့်လိုက်တော့သည်။
