အပိုင်း(၁၄)

18.8K 1.3K 28
                                        

"နိုနို..မူးနေပြီနင် "

"မမူးသေးပါဘူးဟာ...ငါ ဘယ်သူကို သဘောကျတာလဲတော့ ပြောနိုင်ပါသေးတယ်" ဟု ပြောရင်း ခင်မမကို ကြည့်ပြီ ရယ်လိုက်တော့သည်။

"ဒါပေမဲ့ အဲလူက နို ကို ဂရုကိုမစိုက်တာ" ဟု ပြောရင်း စတင် ငိုတော့သည်။

"ကောင်းရော" ဥဥ လည်း မူးရင်း ငိုနေသည့် နိုနိုကြောင့် အားနာနေရတော၏။

"နို...တကယ် သဘောကျတာ၊ ဒါပေမဲ့ အဲလူက နိုရှိတာ နို အနားမှာရှိနေတာကိုတောင် သိပါ့မလား" ဟု ပြောကာ မှောက်သွားရင်းမကြာမှီ ယုလည်း မူးမူးနှင့် အိမ်ထဲဝင်သွားသည့်အတွက် ဝရံတာတွင် မူးကာမှောက်နေသည့်နိုနို အပါအဝင် ခင်မမနှင့် ဥဥ သာကျန်ခဲ့သည်။မည့်သည့်စကားမှ ပြောချင်းမရှိဘဲ တိတ်ဆိတ်နေသည့် စကားဝိုင်းကို ဥဥ အစပျိုးတော့၏။

"ဒေါက်တာ..."

"ဟင်..."

"ဒေါက်တာ ကြည့်ရတာ ဒီနေ့ နေမကောင်းနေတာလား ...မျက်နှာလည်း မလန်းဘူးရော"

ဥဥ မေးခွန်းကြောင့် ဥဥကို ကြည့်ရင်း ပြုံးလိုက်တော့သည်။

"နေကောင်းပါတယ်.."

"ဟုတ်လို့လား..တစ်ခုခု များစိတ်ညစ်စရာရှိလား"

"ဟင့်အင်း"

"ဒေါက်တာ..."

"ဟင်"

ဥဥ လည်း ခင်မမကို ခေါ်လာရင်း သူမထိုင်နေသည့် ဒန်းတွင်ဘေးချင်းကပ်လာတော့သည်။

"ဒီနေ့..သမီး ဒေါက်တာကို ပုခုံးငှားမယ်"

"ဘာကိုလဲဟင်"

သူမ ပုခုံးကို ပုတ်ပြကာ ပြောတော့၏။

"ဒီပုခုံးကို ဒေါက်တာကို ဒီတစ်ညငှားမယ်"

ခင်မမလည်း သူမရဲ့ ညှို့အားပြင်းသည့် အပြုံးကို စစ်ကူခေါ်ရင်း ဥဥကို ပြုံးပြတော့သည်။

"ပုခုံး ကောင်းတယ်ပေါ့လေ"

"ကောင်းတယ်လည်း မဟုတ်ပေမဲ့ တကယ်ကို ဒေါက်တာလိုအပ်နေမယ်ထင်လို့ " စကားတောင်မဆုံးသေးချိန် ခင်မမလည်း ဥဥ ပုခုံး ပေါ် သူမ ခေါင်းလေး တင်လိုက်တော့၏။

ဒေါက်တာ အန်တီ(Complete )Où les histoires vivent. Découvrez maintenant