ဆံနွယ်လေးများအား ရွှေရောင်ဆံညှပ်လေးနှင့် ထုံးဖွဲ့ထားသည့် စိမ်းရဲ့ ဆံပင်များအား ဖြေချလိုက်စဥ် အုံသားထူထူလေးမှာ လေနှင်ရာ ယိမ်းသကဲ့သို့ ဖြေကျလာတော့သည်။
" စိမ်း နင် ဘယ်ဘဝက ရေစက်ကြောင့် ဒီလောက် ဆံပင်လှနေရတာလဲ၊ ငါအားတောင်ကျတယ်"
"နင်ကသာ လှတာမြင်တာ ဖြူ...ငါကိုကြည်က ဆံပင်ပဲ အားနေ ညှပ်ခိုင်းနေတာ ငါ့အစားပူလို့တဲ့ "
"မညှပ်ပါနဲ့ နင်ဆံပင်လေးတွေက သိပ်လှတာ" ဟု ပြောရင်း လဲ့လည်း ထိုင်နေရာကနေ ထကာ စိမ်းအနောက်သွားရင်း ဆံပင်လေးများကို သပ်သပ်ရက်ရက် ပြန်စည်းပေးနေတော့၏။
~~~~~~~
"ဒေါက်တာ ခင်မမဆွေ" နိုနို စကားတောင် မဆုံးသေး ခင်မမဆွေ၏မိသားစုများလည်း ရောက်လာတော့၏။ ခင်မမ၏ မိခင်ဖြစ်သူလည်း ထိတ်လန့်နေရပြီ ဥဥ ကို တွေ့လိုက်တော့မှ ငြိမ်သွားတော့သည်။ထိုနောက် သူမကို ကျောပေးထားရာကနေ တည့်တည့်လှည့်လာသည် နိုနို ကို မြင်လိုက်ရသည်ကို ဖြစ်နေသမျှ အရာအားလုံးထပ်ပို အံ့သြနေတော့သည်။
"ဪ" ဟု သူမလည်း စိတ်ထဲမှ ရွတ်မိတော့၏။
နိုနို နှင့် ဥဥ လည်း ဆေးရုံရှိ ထိုင်ခုံတွင် ထိုင်နေရင်း တစ်ခဏအကြာ
"နင် ဘယ်လိုသိတာလဲ ဒီကိစ္စကို ၊ အိမ်က လူတွေကိုကော ပြောခဲ့ရဲ့လား နင်ထွက်လာတာကိုကော" ဟု နိုနိုလည်း ငြိမ်ကျနေသည့် ဥဥ ကိုမေးတော့သည်။
"နိုနို..."
"အေး.."
"နင်မှတ်မိလား တစ်နေ့က အကြားမြင်ဆရာမ ပြောတဲ့ စကားကို ..မီးလောင်တိုက်ဆိုတာလေ"
"ဟာ ဥရယ် နင် ခေတ်ပညာတတ်တစ်ယောက်ဖြစ်ပြီ အဲရူးကြောင်ကြောင် ပြောတာကို နင်မို့မှတ်ထားတယ် ..နင်ကလည်း "
"မဟုတ်သေးဘူးနိုနို...မဟုတ်သေးဘူး တစ်ခုခုတော့ တစ်ခုပဲ ၊ နင် မသိဘူး ငါဆီမှာ ထူးဆန်းတာတွေဖြစ်နေတာ အများကြီးပဲ တကယ်ကို အများကြီး ..ပြီး နင်မမြင်ဖူးမလား တစ်နေ့ က ဆရာလေးကိုလဲ"
"နိုး မမြင်ပါဘူး"
"တစ်ခုခုပဲ နိုနို၊ ငါ သိနေတယ် တစ်ခုခုပဲ ...သူပြောတယ်လေ နတ်ဆိုးနဲ့နတ်ကောင်းတွေကော အခုဖြစ်တာကလဲ .."
