အခန်း (930)

651 141 4
                                    


အခန်း (၉၃၀) : ဘယ်မှ သွားစရာ မရှိတော့ဘူး

မိုဝူကျိက အသတ်ခံရလုနီးပါး ဖြစ်ခဲ့သော်လည်း မပြောပြတတ်လောက်အောင် စိတ်လှုပ်ရှားမိနေသည်။ သေခြင်းတရားနှင့် လက်တစ်ကမ်းအလိုတွင် မိုဝူကျိက လေလွတ်မြောက်ရေး နည်းစနစ်၌ ဉာဏ်အလင်းပွင့်လာသည်။ နောက်ဆုံးတွင် သူက လေလွတ်မြောက်ရေး နည်းစနစ်၏ တတိယအဆင့်သို့ အမှန်တကယ် ရောက်ရှိသွားပေသည်။

လေလွတ်မြောက်ရေး နည်းစနစ်တွင် လေကို လိုအပ်၏။ လေရှိနေသရွေ့ သူက ရွေ့ပြောင်းနိုင်ပြီး အကွာအဝေးမှာ ကျင့်ကြံဆင့်ပေါ် မူတည်ပေသည်။

ဟိုစဉ်အချိန်ကတည်းက မိုဝူကျိက သူ့လေလွတ်မြောက်ရေး နည်းစနစ်တွင် အဆင့် ငါးဆင့် ရှိကြောင်း သိထားသည်။ အင်မော်တယ်ဘုရင်အဆင့်သို့ ရောက်စဉ်အခါက သူ့လေလွတ်မြောက်ရေး နည်းစနစ်မှာ သဏ္ဍာန်မဲ့အဆင့်ကို ကျော်သွားပြီ ဖြစ်၏။

သို့သော်လည်း သူက လေရွေ့ပြောင်းခြင်း အဆင့်ကို မည်သို့သုံးစေကာမူ အရိပ်အယောင် ကျန်ရှိနေခဲ့သည်။ ဆိုလိုသည်မှာ သူ့လေရွေ့ပြောင်းခြင်း အဆင့်တွင် တည်နေရာ ရွေ့ပြောင်းစည်းမျည်းတချို့ ပါဝင်နေဟန် ပေါ်၏။ သူက ရွေ့ပြောင်းသွားလိုက်သော်လည်း တခြားသူများက သူ့လှုပ်ရှားမှုများကို ဖမ်းဆုပ်မိဆဲ ဖြစ်သည်။

လက်ရှိ မိုဝူကျိက သူ့ယခင် လေရွေ့ပြောင်း စွမ်းရည်မှာ အစပိုင်းအဆင့်သာ ရှိနေသေးကြောင်း သတိပြုမိသွား၏။ ယနေ့မှ သူက အစစ်အမှန် လေရွေ့ပြောင်း အဆင့်ကို ဉာဏ်အလင်းပွင့်သွားခြင်း ဖြစ်သည်။

အစစ်အမှန် လေရွေ့ပြောင်း အဆင့်တွင် တည်နေရာ သို့မဟုတ် အာကာပြင်နှင့် မည်သည့် ပတ်သတ်မှုမှ မရှိတော့ဘဲ တည်နေရာရှိ လေသဘာဝနှင့်သာ ဆက်နွယ်နေ၏။ သူက လေရွေ့ပြောင်းစွမ်းရည်ကို သုံးလိုက်သည်နှင့် လေသဘာဝက ပျောက်ကွယ်သွားပြီး နောက်တည်နေရာ၏ လေသဘာဝဆီ ရောက်ရှိသွားသလို ဖြစ်သည်။ မိုဝူကျိ၏ အရိပ်အယောင် ဖမ်းဆုပ်နိုင်ဖို့ရာက မဖြစ်နိုင်တော့ပေ။ တစ်ယောက်ယောက်က လေသဘာဝ အမျိုးအစားကို ကျင့်ကြံခြင်း သို့မဟုတ် လေသဘာဝနှင့် ပတ်သတ်၍ နက်နက်ရှိုင်းရှိုင်း နားမလည်သရွေ့ မဖြစ်နိုင်ပေ။

လူသားသစ္စာ [901 - 1100]Where stories live. Discover now