အခန်း (1098)

589 119 5
                                    

အခန်း (၁၀၉၈)  :  ဝိဇ္ဇာ ထန်းဟန်

“ ကျုပ် ဒီကိစ္စတွေကို ဘယ်လို သိတာလဲဆိုတာ ခင်ဗျား သိစရာ မလိုပါဘူး။ နတ်ဘုရားနယ်မြေမှာ ခြေမရှုပ်တာ ကောင်းလိမ့်မယ်။ မဟုတ်ရင် ကျုပ်အချိန်ကုန်ရင်တောင် ခင်ဗျားကို ရှင်းပစ်ရမှာပဲ ” မိုဝူကျိက ကျဲဟိန်အား စိုက်ကြည့်လိုက်သည်။ သူက ထိုလူအား မျက်လုံးထဲပင် မထည့်ပေ။

ကျဲဟိန်က အရိုက်အရာခံ နတ်ဘုရား တစ်ပါး ဖြစ်ပေသည်။ မိုဝူကျိ၏ ခြိမ်းခြောက်မှုကို ကြားလိုက်သည်နှင့် သူက နှာခေါင်းရှုံ့ကာ 
“ ငါ ကျဲဟိန်က မင်း ပြောတဲ့ အရိုက်အရာခံ နတ်ဘုရားတွေထဲက မဟုတ်ပေမဲ့  ငါက ပင်မ နတ်ဘုရား အရှင် ၇၁ ပါးထဲက တစ်ယောက်ပဲ … မင်း ငါ့ကို ဘယ်လို ရှင်းပစ်မလဲဆိုတာ သိချင်မိသား ”

မိုဝူကျိက မကျေမနပ် ပြောလိုက်သည်  
“ ပင်မ နတ်ဘုရားတွေက အဲလောက်တောင် အံ့ဩဖို့ ကောင်းလို့လား … ခွန်းယွင်တောင် သူ့ကို ကူညီပေးဖို့ ကျုပ်ဆီ လာတောင်းဆိုသေးတယ်။ ပြီးတော့ သူက ဝန်မင်း ၃၆ ပါးထဲက  ...ခင်ဗျားက အရှင် ၇၂ ပါးထဲက ဖြစ်နေရုံလေးနဲ့  ကျုပ် မျက်စိထဲတောင် မြင်ဖို့ မလုံလောက်သေးဘူး  ”

“ မင်းက ခွန်းယွင်ကို သိတယ်လား ” ကျဲဟိန်က မိုဝူကျိ စကားများကို ကြားလိုက်ရသည့်အခါ မိုဝူကျိသည် သူ့အသိုင်းအဝန်းကြား အမှန်တကယ် ရောက်ရှိလာကြောင်း နားလည်လိုက်သည်။

“ မိတ်ဆွေဟောင်းနဲ့ ပြန်တွေ့တာကို လိုက်နှောင့်ယှက်မနေနဲ့။ ကျုပ်က ခင်ဗျားကိစ္စတွေကို စိတ်မဝင်စားဘူး ” ထိုသို့ပြောပြီးနောက် မိုဝူကျိက မစောင့်တော့ဘဲ ယွမ်ကျန်းရီဘက် လှည့်ကာ ပြောလိုက်သည် 

“ ကျန်းရီ … ငါတို့တွေ တိတ်ဆိတ်တဲ့နေရာမှာ သွားစကားပြောကြစို့ ”

“ မိုဝူကျိ … ငါ အရင်ပြောခဲ့တဲ့ စကားတွေက သိပ်မသင့်တော်သလို ဖြစ်သွားတယ်။ မင်း ခွင့်လွှတ်ပေးပါကွာ။ ဒါပေမဲ့ ငါနဲ့ အတူတူ အလုပ်တွဲလုပ်တာက မင်း နတ်ဘုရားအရိုက်အရာ ရတာ၊ မရတာအပေါ် သက်ရောက်မှု မရှိပါဘူး။ ငါနဲ့သာ အလုပ်တွဲလုပ်မယ်ဆိုရင် မင်းက …. ”

လူသားသစ္စာ [901 - 1100]Where stories live. Discover now