CHAPTER 69 - Shura Field

8.5K 1.5K 186
                                    

Unicode

စုန့်ရီကုရှင်ချွမ်းရဲ့လက်ကိုဖျစ်ရင်း ကျန်ရှိနေတဲ့အနွေး​ဓာတ်လေးကိုဖမ်းဆုပ်ထားတယ်။ အရင့်အရင်ကမခံစားရဖူးတဲ့လုံခြုံတဲ့အာရုံခံစားမှုက ဘာတွေဖြစ်လာမယ်မှန်းမသိတဲ့အနာဂတ်ကိုရင်ဆိုင်ဖို့ သတ္တိအပြည့်ဖြစ်စေတယ်။

သူသာကုရှင်ချွမ်းနဲ့အတူရှိနေရင် ဒီကမ္ဘာပေါ်မှာသူ့ကိုခြောက်လှန့်နိုင်တဲ့အရာဆိုတာ မရှိတော့တဲ့အတိုင်းပဲ။

အနောက်ဘက်ကမ်းခြေဒေသရဲ့နေကအရမ်းကိုပူပြင်းတယ်။ နိုဝင်ဘာလအပူချိန်ကနှစ်ဆယ်ဒီဂရီကျော်ကျော်ထိတက်သွားနိုင်ပီး တရုတ်ရဲ့ နွေ​ဦးနဲ့နွေရာသီအပူချိန်လောက်နဲ့တူတယ်။ အစတုန်းကစုန့်ရီကရာသီဥတုအခြေအနေကိုကျင့်သားမရသေးဘူး။ နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ အကြာကြီးမနေခဲ့တဲ့သူတစ်ယောက်အနေနဲ့ နောက်နေ့ဘယ်အဝတ်အစားဝတ်ရမလဲဆိုတာက ပြဿနာတစ်ခုဖြစ်လာတယ်။

ကံကောင်းစွာနဲ့ပဲ ရက်အနည်းငယ်လောက်အကြာမှာ သူ့ဘာသာကောင်းကောင်းထိန်းသိမ်းနိုင်ခဲ့ပီး သူ့ရဲ့ဘဝအသစ်နဲ့သူသက်သောင့်သက်သာအခြေအနေရောက်သွားတယ်။

ရှန်စစ်ရဲယ်သူ့အတွက်ရှာပေးထားတဲ့အိမ်က ကယ်လီဖိုးနီးယားကအဆင့်မြင့်အိမ်ယာတစ်ခုဖြစ်ပီး ပြာလွင်နေတဲ့ကမ်းခြေနဲ့လဲနီးတယ်။ ခြံထဲမှာ စိုက်ထားတဲ့အုန်းပင်နှစ်ပင်ရှိပီး ရေကူးကန်အသေးလေးလေးရှိသေးတယ်။ driver နဲ့ chef နှစ်ယောက်လုံးကတရူတ်လူမျိုးတွေဖြစ်တာမို့ ဆက်ဆံရေးကအဟန့်အတားမရှိဘူး။

သင်တန်းသွားရတဲ့အပြင် စုန့်ရီကအိမ်မှာလဲ vocabulary တွေကိုအမြဲတမ်းလိုလိုပြန်လေ့လာဖြစ်တယ်။ သူကျောင်းတက်တုန်းကဆို အင်္ဂလိပ်စာမှာအမြဲတမ်းပထမပဲ။ ဒါပေမဲ့ အင်္ဂလိပ်စကားလုံးတွေကိုမသုံးဖြစ်တာကြာတော့ တချို့ဝေါဟာရတွေကိုမမှတ်မိတော့ဘူး။ အာ့ကြောင့်မို့ သူ့ဘာသာသူလုံ့လဝီရိယရှိရှိပြန်ပြင်ဆင်နေရတယ်။

ကုရှင်ချွမ်းရဲ့concert နေ့မှာတော့ စုန့်ရီက weibo ပေါ်ကိုတိတ်တိတ်လေးတက်လာတယ်။ marketing account က concert က ဓာတ်ပုံ ဗီဒီယို အမြောက်အများကိုတင်ထားတယ်။

အချစ်ပြိုင်ဘက်နှင့်အချစ်အိမ်လေးတည်ဆောက်ခြင်း [ဘာသာပြန်]Where stories live. Discover now