Ep - 4 [U]

462 44 4
                                    

အခန်း (၄)

" ယောလ် .. နင် ဟိုတစ်နေ့က The Whole King နဲ့ စကား များသေးတယ်ဆို "

" အေး။ စကားများတာတော့ အမှန်ပဲ။ King မှန်းတော့ မသိပါဘူး "

" ငါ့သူငယ်ချင်းလေးက လူစွာလေး လုပ်တတ်နေပြီပေါ့လေ "

" တော်ပါဟာ။ အဲ့တစ်ယောက်က အချိုးမပြေတာ နင် မသိလို့။ ဘောလုံးမှန်တဲ့အပြင် သူ့ကြောင့် ငါ့ဖိနပ်ပါ ပြတ်သွားသေးတာ "

အဆောင်ရှေ့မှာ ကော်ဖီဆိုင်လေး တွေ့တော့ နှစ်ယောက်သား ဝင်ဝယ်ဖြစ်သည်။ ကန်တင်းက ကော်ဖီအေးထက် ဆိုင်ကလေးရဲ့ အရသာကို ပိုပြီး ကြိုက်သည်။ နေ့လည်စာ ထမင်းစားနားချိန်မို့ လမ်းတစ်လျှောက် ကျောင်းသားများ မြူးကြွနေသည်။

အပေါင်းအသင်း နည်းသည့် သူ့မှာ အရင်းဆုံး သူငယ်ချင်းဆိုလို့ အလယ်တန်း ကျောင်းသား ဘဝကတည်းက တွဲလာသည့် အရိပ်စစ်သာ ရှိ၏။
အရိပ်ကလည်း သူကလွဲပြီး တခြားသူများနဲ့ သိပ်ပြီး ရောထွေးတတ်လေ့ မရှိ။ အရိပ်ရဲ့ ဦးစားပေး သူစိမ်းနေရာမှာ ယောလ်ငယ်က အမြဲ နံပါတ်တစ် ရခဲ့သည်။ ဒါကလည်း အထပ်ထပ် အရစ်ရစ် နှောင်ခဲ့သော ငယ်သံယောဇဉ်ကြောင့် ဖြစ်လိမ့်မည်။

" ဒီနေ့ရော ဘယ်သူ လာကြိုမှာလဲ "

" ကိုး "

" နင့်အိမ်က လာမကြိုနိုင်တဲ့နေ့ကျရင် ငါနဲ့ အတူ ပြန်လေ။ အိမ်ထိ လိုက်ပို့ပေးမယ် "

" ငါ့သူငယ်ချင်းပဲ လုပ်စမ်းပါ။ မောင်နှမဇာတ် လာမသွင်းနဲ့ "

ရွယ်တူချင်းတောင် အစ်မတစ်ယောက်လို ဆက်ဆံချင်နေသည့် အရိပ်ကို ကြိုကာမိတော့ သဘောကျစွာ ညှင်းသဲ့သဲ့ ရယ်၏။

" မေ့! "

" ဟယ် .. ယောလ် "

လက်မောင်းတစ်ဖက်ကို ကျောနောက်ဘက်က ပွတ်တိုက်ခံလိုက်ရခြင်းနဲ့အတူ လက်ထဲရှိ ကော်ဖီခွက်ထဲက အရည်တချို့ ဖိတ်စင် ကျသွား၏။ ပုဆိုးအဖျားစလည်း ပေကျံသွားသည်။ မကြာခင် ကပ်စေးကပ်စေး ဖြစ်တော့မှာ သေချာသည်။

" ဆော .. ဆောရီးပါနော် "

စိုစွတ်သွားသော ခြေဖမိုးဆီ အကြည့်ရောက်ရင်း မိန်းကလေးက အားတုံ့အားနာ ဆိုလာသည်။ ယောလ်ငယ် အဆင်ပြေကြောင်းကို ခေါင်းသာ ညိတ်ပြလိုက်သည်။ ထိုအခါမှ ကျောင်းသူ မိန်းကလေး ခပ်သွက်သွက် လှမ်းသွားသည်။

ကိုးWhere stories live. Discover now