Ep - 10 [U]

298 42 1
                                    

အခန်း (၁၀)

" ဝါးး .. ဘယ်သူများလဲလို့ .. ကိုယ့်ရဲ့ နိုင်ငံခြားပြန် အစ်မတော်ပါလား "

ဘဲလ်တီးသံကြောင့် တံခါးဖွင့်ပေးရင်း ခနဲ့တဲ့တဲ့ ပြောလိုက်ပေမဲ့ အစ်မတော်က မျက်စောင်းတောင် ခဲမလာ။ နေနိုင်းကို ကျော်ပြီး အိမ်ထဲ တန်းဝင်သည်။

" ဆို .. ဘာကိစ္စ။ လမ်းကြုံလို့ ဝင်လာတာတော့ မဟုတ်ဘူးမလား "

" အဘွား ခိုင်းလို့ လာတာ။ ရန်ကုန်မှာ မိန်းမ ရနေပြီလား မသိလို့ ဝင်ကြည့်ပေးစမ်းပါတဲ့ "

ဧည့်ခန်းထဲ ရောက်နေပြီ ဖြစ်သည့် အစ်မတော်က အိမ်ကို မျက်စိတစ်ပတ် ပတ်ပြီး ပြန်ဖြေသည်။ မျက်နှာချင်းဆိုင်က ခုံမှာ နေနိုင်း ဝင်ထိုင်လိုက်သည်။

" ဘာလို့ အိမ်မပြန်တာလဲ "

" ပျင်းလို့ "

" အေး။ ကောင်းတယ်။ ဆက်ပြီး ပျင်းနေလိုက်ဦး "

" အိမ်မကပ်တာချင်း အတူတူကို အဲ့လို မရွဲ့ရဘူးလေ "

" မပြန်ချင်လည်း အဘွားကို ဖုန်းဆက်လိုက်ဦး။ ငါ့မှာ မိုးကုတ် ရောက်ရောက်ချင်း နင့်အကြောင်းတွေပဲ အပွားခံ လာရတာ။ နည်းနည်းမှကို မချောင်ဘူး "

နေနိုင်း ခပ်ဖွဖွ ရယ်လိုက်သည်။ မီကျော့်ကို ကြည့်တော့လည်း စိတ်ညစ်ညူးဟန် သိပ်မရှိပါ။
ကြိုသိနေသည့် အရာကို ရင်ဆိုင်ရပြီးနောက် ပြန်လည် ဖွင့်ဟရုံသာ။ ထို့ထက် ဘာမှ မပို။

" ကိုယ် သွားရင်လည်း မီကျော့်အကြောင်းတွေ နားထောင်လာခဲ့ရတာပဲ။ အခု ကျေပြီပေါ့ "

" မောင်နှမအချင်းချင်းတောင် အတုံ့အလှည့်နဲ့ !
အပြင် သွားမယ်။ အဝတ်အစား သွားလဲ "

" ရေတောင် မချိုးရသေးဘူး။ ကြာကြာ စောင့်ဦး "

ထိုင်နေရာက ထရပ်ပြီး ရုပ်ထွက်လှအောင် ပြင်ဖို့ အခန်းထဲ ဝင်ခဲ့လိုက်သည်။ ရှားပါးအမျိုးလေးမို့ မီကျော်နဲ့ နေနိုင်းက တစ်ယောက်ကို တစ်ယောက် ခင်တွယ်သည်။ တစ်ဝမ်းကွဲ မောင်နှမဆိုပေမဲ့ သူငယ်ချင်းလို ပေါင်းသင်းနိုင်သည်။ ရင်းရင်းနှီးနှီး ရှိသည်။ မီကျော် နိုင်ငံခြားမှာ နေတုန်းကလည်း အဆက်အသွယ် မပျက်ပါ။

ကိုးWhere stories live. Discover now